မင်းဘူး ဒီဇင်ဘာ ၈
မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ဦးစီး၍ စိတ်ကူးချိုချိုစာအုပ်တိုက်နှင့် ပူးပေါင်းကာ ပြည်သူများစာဖတ်ရှိန်မြင့်မားရေးနှင့်
စာအုပ်စာပေပြန့်ပွားရေးကိုရည်ရွယ်၍ ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ
(၇)ရက်နေ့မှစတင်ကာ (၁၁)ရက်နေ့ထိ မင်းဘူးခရိုင်ပြန်/ဆက်ရုံး ၀န်းအတွင်း၌ ဖွင့်လှစ်ထားကြောင်း
သိရသည်။
အဆိုပါစာအုပ်ဈေးရောင်းပွဲတော်ကိုနေ့စဉ်နံနက်(၀၈း၀၀)နာရီမှစတင်ကာ
ည(၀၈း၀၀)ထိ စာအုပ်ပေါင်း (၁၀၀၀)ကျော်ကို ရောင်းချပေးလျက်ရှိပြီး စာအုပ်များကိုစာပေ၀ါသနာရှင်များ၊
ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်ဝယ်ယူအားပေးဖတ်ရှုကြကြောင်းသိရှိရသည်။
"မင်းဘူးမြို့နယ်အတွင်းရှိ စာပေ၀ါသနာရှင်တွေနဲ့
ကိုယ့်အားကိုယ်ကိုးကျေးရွာစာကြည့်တိုက်တွေ အတွက် စာအုပ်စာစောင်များကို အလွယ်တကူဝယ်ယူဖတ်ရှုနိုင်ရန်၊
ပြည်သူများအတွင်း စာအုပ်စာပေပြန့်ပွား သွားနိုင်စေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများဖြစ်ပေါ်စေရန်ရည်ရွယ်ချက်နဲ့
ယခုလိုစာအုပ်ဈေးရောင်း ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မင်းဘူးမြို့မှာစာအုပ်အရောင်းဆိုင်းမရှိတဲ့အတွက်
မင်းဘူးမြို့နယ် အတွင်းက စာပေချစ်မြတ်နိုးသူတွေအနေဖြင့် စာကောင်းပေမွန်များကို ကိုယ်ပိုင်စုဆောင်းထားရှိလိုသူများ
အတွက် အခွင်းအလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း" မင်းဘူးခရိုင် ပြန်/ဆက်ဦးစီးအရာရှိ
ဦးသန်းဌေးမှပြောကြားသည်။
ဖိုးပြည့်
0 comments:
Post a Comment