Monday, December 12, 2016

ဒီဇင်ဘာအားကစား ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပဆင်နွှဲ




မကွေး   ဒီဇင်ဘာ   ၁၀
          မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာ အားကစားလ ဒုတိယပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၅း၄၅ နာရီအချိန်က စတင်ကျင်းပပြုလုပ်ရာ မကွေးမြို့ ခရိုင်အားကစားကွင်းရှေ့မှစတင်၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား /သူများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများ စုစုပေါင်း(၇၅၀၀)ဦးခန့် လူထုစုပေါင်းလမ်း လျှောက်ကြသည်။
          စုပေါင်းလမ်းလျှောက်ပွဲကို မကွေးခရိုင်အားကစားကွင်းမှတဆင့် ဗိုလ်ချုပ်လမ်း-နတ်မောက် လမ်း-ဈေးလမ်း-ပြည်တော်သာလမ်း- ဗိုလ်ချုပ်လမ်းမှ တဆင့်  ခရိုင်အားကစားကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်(၁)အား စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ခရိုင်အားကစားကွင်းအတွင်း မီတာ(၁၀၀)အပြေးပြိုင်ပွဲများ၊ အလေးမပြိုင်ပွဲ များကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးနှင့်တာဝန်ရှိသူတို့က ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော အားကစားသမားများအား  ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment