မင်းဘူး ဒီဇင်ဘာ ၁၀
၂၀၁၆ခုနှစ်၊ဒီဇင်ဘာအာကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို
ဒီဇင်ဘာလ၁၀ရက်နေ့ နံနက် (၀၅း၃၀) အချိန်က မင်းဘူးမြို့အ.ထ.က(၁)ကျောင်းရှေ့မှစတင်ကာ ရွှေတပင်ကျေးရွာကျောင်းအထိ
စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ(၁)၊ (၂)လေ့ကျင့်ခန်းများကို
စုပေါင်း၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို မင်းဘူးခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊
မြို့နယ် အားကစားမှူး နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/
ကျောင်းသူများ နှင့် ပြည်သူများ စုပေါင်း၍ အင်အား(၁၀၀၀)ကျော် လမ်းလျှောက်ခဲ့ကြကြောင်းသိရသည်။
ဖိုးပြည့်
0 comments:
Post a Comment