ငဖဲ ဒီဇင်ဘာ
၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက်
မကျီးစုရပ်တွင် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကလေးငယ်တစ်ဦး လမ်းဖြတ်ကူးစဉ်
ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငဖဲမြို့ မကျီးစုရပ် အနော်ရထာလမ်းတွင် ဆိုင်ကယ်မောင်းသူ
မောင်ဝေယံဖြိုး (သ)၁၉-နှစ်(ဘ)ဦးကြည်လေး ကျောင်းတွင်းရပ်ကွက် နေသူသည် မြို့မရပ်ကွက်မှ
ကျောင်းတွင်း ရပ်ကွက်ဘက်သို့ မော်တော်ဆိုင်ကယ်အား အရှိန်ဖြင့် မဆင်မခြင် မောင်းနှင်လာခြင်းကြောင့်
နေအိမ်မှ အနောက်ဘက်နေအိမ်သို့ လမ်းဖြတ်ကူးနေသည့် မမေတွယ်တာ(သ)၈-နှစ်(ဘ) ဦးဇော်လင်း
ဒုတိယတန်းကျောင်းသူ(အထက-ငဖဲ) မကျီးစုရပ် ကျောင်းတွင်းရပ်ကွက် ငဖဲမြို့ နေသူအား ၀င်ရောက်တိုက်မိ၍
ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိသဖြင့် ငဖဲမြို့နယ်ပြည်သူ့ဆေးရုံ သို့ ရဲဆေးစာဖြင့်
ဆေးကုသမှုခံယူခဲ့ရာ ဒဏ်ရာပြင်းထန်သည့်အတွက် မကွေးပြည်သူ့ဆေးရုံ ကြီးသို့ လွှဲပြောင်းဆေးကုသမှုခံယူနေရာမှ
ဒီဇင်ဘာ ၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား အရှိန်ဖြင့် မဆင်မခြင်မောင်းနှင်သူ
တရာခံ ဝေယံဖြိုး(သ)၁၉-နှစ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေး
အရေးယူထားကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment