Monday, December 12, 2016

အောင်မြေကုန်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး




မကွေး      ဒီဇင်ဘာ     
မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ခွင့်ပြု ရန်ပုံငွေဖြင့် မကွေးခရိုင်(၁)ရေပေးရေးလုပ်ငန်းများ တင်ဒါရရှိသော လင်းမြတ်မင်းကုမ္ပဏီက အောင်မြေကုန်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ကျေးရွာ ရေကော်မတီတို့က ဒီဇင်ဘာ ၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
 စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို အနက်ပေ ၆၂၀ တူးပြီး၊ ပိုက်ချပေ(၆၀၀)၊လေပိုက်ချ ပေ(၄၈၀)နှင့် တွင်းဆေးလေမှုတ်ခြင်း လုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ရေထွက်နှုန်း ၂၅၀၀ gph ထွက်ရှိကြောင်း တွေ့ရှိရသည်။ ရေပေးရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး(sustainable development)အတွက် ကျေးရွာရေကော်မတီ၊ မြို့နယ်ဦးစီးမှုးနှင့်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ တို့က စစ်ဆေးခဲ့ကြပြီး ဆက်လက်ဆောင်ရွက်မည့် (15)KW မီးစက်၊(5.5)Hp Submersible ပန့်တပ်ဆင်ခြင်းလုပ်ငန်း၊ ဂါလန်၂၄၀၀ဆန့် ပေ(၂၀)အမြင့် စင်မြင့်ရေစင်နှင့် ရေစက်ရုံဆောက်လုပ် မည့်လုပ်ငန်းအတွက် မြေနေရာတို့ကို သတ်မှတ်ဆွေးနွေးခဲ့ကြသည်။ ကျေးရွာရေကော်မတီက ရေပေး ရေးလုပ်ငန်းအတွက် ရေဘိုးရေခ ကောက်ခံရေး၊ ကောက်ခံရငွေမှ ဘဏ်တွင်ငွေစာရင်း ဖွင့်လှစ်ပြီး စက်ရေတွင်း၊ပန့်၊အင်ဂျင်တို့ ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အရန်ငွေထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေး တင်ပြသည်။
အဆိုပါ ကျေးရွာစက်ရေတွင်းတူးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် လုပ်ငန်း စတင်ခဲ့ပြီး ဖေဖော်ဝါရီ လကုန်တွင် လုပ်ငန်းပြီးစီးဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်းခွင့်ပြုငွေမှာ(၂၄.၇) ကျပ်သန်းဖြစ်ပြီး အိမ်ခြေ  ၁၈၅ နှင့် လူဦးရေ ၇၅၀ အတွက်အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment