Monday, December 12, 2016

ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာသင်တန်း ဖွင့်လှစ်ပို့ချ




ဂန့်ဂေါ     ဒီဇင်ဘာ      ၁၂
ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဂန့်ဂေါခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အဆိုပါ သင်တန်းသို့ ဂန့်ဂေါခရိုင်အတွင်းရှိ ဌာန၀န်ထမ်း သင်တန်းသား (၁၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးဝင်းအောင်က အဖွင့်အမှာစကား ပြောကြား၍ သင်ထောက် ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူး၊ ဦးစိုးလင်းထွဋ်မှ သင်တန်း ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းအား (၁၂-၁၂-၂၀၁၆) ရက်နေ့မှ (၁၂-၁-၂၀၁၇) ရက်နေ့ထိ (၁)လကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး  ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် လုပ်ငန်းတာဝန် များ အချိန်နှင့်တပြေးညီ  ဆောင်ရွက်ပြီးမြောက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကာ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မား၍ မိမိတာဝန်များကို အချိန်နှင့်တပြေးညီ  ပြန်လည်တင်ပြနိုင်ခြင်း၊  ဝန်ထမ်းများ ကွန်ပျူတာ   တတ်မြောက်လာ၍     မိမိကိုယ်ကို ယုံကြည်မှုရရှိလာခြင်း၊ Window Basic နှင့်အတူ Photoshop နှင့် QGIS များကိုပါ ပို့ချသင်ကြားမည်ဖြစ်၍   သင်တန်းပြီးဆုံးသွားပါက မြေပုံ ဆိုင်ရာ အချက်အလက်များအား   ထည့်သွင်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment