Thursday, December 29, 2016

ကျောက်ပုံကျေးရွာတွင် အထက်တန်းကျောင်းခွဲ တိုးမြှင့်ဖွင့်လှစ်


စေတုတ္တရာ     ဒီဇင်ဘာ     ၂၃
    မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ကျောက်ပုံကျေးရွာတွင် ၁၉၉၇ ခုနှစ်မှစ၍ မူလတန်းကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျောက်ပုံကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ကျောင်းဆိုင်းဘုတ် အား ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူလေးများက ရွှေကြိုး၊ငွေကြိုးများဆွဲ၍ဖွင့်လှစ် ခဲ့ပြီး ကျောက်ပုံကျေးရွာ အထက်တန်းကျောင်း(ခွဲ)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ အလုပ်သမား၊လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်နှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးတင်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ သည်။
    အခမ်းအနားတွင် ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သံပြိုင် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြော ကြားသည်။ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် တိုင်းဒေသကြီး ပညာရေး မှူး ဦးတင်ဌေးတို့က ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ အမှာစကား အသီးသီး ပြောကြား ကာ ကျောင်းပုံကျေးရွာ ကျောင်းအကျိုးတော်ဆောင် ဦးခင်မောင်ဌေးမှ အထက်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ရရှိခဲ့သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
    ဖွင့်ပွဲအခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့ သည် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်လွတ်တော် ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပါတီဝင်များ၊ စည်ပင်ကော်မတီဝင် များ၊မြို့မိမြို့ဖများ၊လူမှုရေးအသင်းအဖွဲ့များနှင့်တွေဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment