Monday, December 12, 2016

ပွင့်ဖြူမြို့တွင် ဒီဇင်ဘာ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ




ပွင့်ဖြူ        ဒီဇင်ဘာ        ၁၀
          ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်)လူထုစုပေါင်း လမ်းလျှောက်ပွဲကို ပွင့်ဖြူမြို့နယ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်(၀၅း၃၀)နာရီက ပွင့်ဖြူမြို့ပတ်လမ်းထိပ်မှ  မုန်းချောင်းတံတား ချဉ်းကပ်လမ်းဆုံထိ ပျော်ရွှင်စွာ စုပေါင်း လမ်းလျှောက်ခဲ့ပြီး၊ ဒေးဒရဲကျေးရွာအနီး ကွင်းပြင်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများကို စုပေါင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခဲ့ကြသည်။
          အဆိုပါလူထုစုပေါင်း လမ်းလျှောက်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ကျေးရွာ/ရပ်ကွက်နေ ဒေသခံပြည်သူများ စုစုပေါင်း အင်းအား (၇၈၀)ဦး ပျော်ရွှင်စွာ စုပေါင်း လမ်းလျှောက်ခဲ့ကြကြောင်း သိရှိရသည်။
သူရထွန်း (ပွင့်ဖြူ)

0 comments:

Post a Comment