ပွင့်ဖြူ ဒီဇင်ဘာ ၉
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ
၂၀၁၆-ခုနှစ်၊မိုးရာသီ ဘဏ်ချေးငွေများ ပြန်လည် ကောက်ခံရေးညှိနှိုင်းအစည်းဝေးကို ဒီဇင်ဘာလ(၉)ရက်နေ့
နံနက်(၁၀)နာရီ မြို့နယ်ဘဏ်ခွဲရုံးတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဦးတင့်ဆန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ကြူကြူအေးမှ သီနှံရိတ်သိမ်းကြပြီး၊သီနှံပေါ်ချိန်၊ငွေရွှင်ချိန်တွင်
ထုတ်ချေးငွေများအား တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အ လိုက်ဖြစ်စေ အချိန်မီ ပြန်လည်ပေးသွင်းနိုင်ရေးနှင့်
သတ်မှတ်ကာလအတွင်း ထုတ်ချေးငွေများ ပြေကြေစွာ ကောက်ခံ ရရှိရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကျေးရွာအုပ်စုများမှ
ချေးငွေစီစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲကြပြီး၊ ကော်မတီပွင့်ဖြူမြို့နယ်တွင်
၂၀၁၆-မိုးရာသီး ဘဏ်ချေးငွေများကို ကျေးရွာအုပ်စု(၄၉)အုပ်စုတွင် ချေးငွေကျပ်သိန်းပေါင်း
(၇၁၇၈၆)သိန်း ထုတ်ချေးပေးခဲ့ရာ ၂၀၁၇-ခုနှစ်၊မတ်လကုန်တွင် အပြီးကောက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရှိရသည်။
သူရထွန်း (ပွင့်ဖြူ)
0 comments:
Post a Comment