မကွေး နိုဝင်ဘာ ၁၀
မကွေးမြို့နယ်
အလယ်ဘိုကျေးရွာအုပ်စု အင်ပင်ကန်ကျေးရွာ ပညာပျိုးခင်း စာကြည့်တိုက် ဖွင့်ပွဲကို ယမန်နေ့နံနက်
၉ နာရီက အဆိုပါ ကျေးရွာစာကြည့်တိုက်ရှေ့တွင် ကျင်းပရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်တို့က စာကြည့်တိုက် အဆောက် အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနား
ဆက်လက်ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက စာကြည့်တိုက် ဖြစ်မြောက်အောင်
ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က စာဖတ်ခြင်း အကျိုးကျေးဇူးများကို ဟောပြောကာ ပြန်/ဆက်ဦးစီးမှူးမှ
စာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မြဲရေး၊စာအုပ် စာစောင်တိုးပွားရေးတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍
အခမ်းအနားသို့ တက်ရောက်လာသည့် ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း၊ထနှောင်းရင်ခွင်စာပေ၀ိုင်းနှင့်ပြန်/ဆက်ဦးစီးဌာနတို့မှ
စာအုပ် စာစောင်များ၊ ဗွီနိုင်းပိုစတာ များ ပေးအပ်လှူဒါန်းကာ ကျေးရွာစာကြည့်တိုက် ကြီးကြပ်မှုကော်မတီ
ဥက္ကဌ ဦးတင်မောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါစာကြည့်တိုက်
အဆောက်အဦသစ်မှာ အလျှားပေ ၄၀၊အနံ ၂၅ ပေရှိ တစ်ထပ်၊ အုပ်ကာ၊သွပ်မိုး အဆောက်အဦဖြစ်ပြီး
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့်
ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာပြည်သူ များနှင့်ကျောင်းသားကျောင်းသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment