Thursday, November 17, 2016

မကွေးမြို့တွင် ဌာနဆိုင်ရာများ၊စေတနာရှင်များ၏ (၂၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ




မကွေး     နိုဝင်ဘာ     ၁၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၂၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းမည့် ပဒေသာပင်များအား နိုဝင်ဘာ ၁၃ ရက် နေ့ မွန်းလွဲ ၁  နာရီက မကွေးမြို့အတွင်း လှည့်လည်ကာ  မကွေးကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းသို့ ပို့ဆောင်ခဲ့ကြပြီး ယနေ့နံနက် ၉ နာရီတွင် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ နိုင်ငံတော်သြဝါဒါစရိယ |ရာဇမုနိတောင်ပေါ်ကျောင်း ပဓာနနာယက ဆရာတော် (မဟာသဒ္ဓမ ဇောတိ ကဓဇ)ဘဒ္ဒန္တ ကေလာသထံမှ သရဏဂုံသီလခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင် သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး အမှူးပြုသော အကြီးအကဲများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ဆက်လက်၍ မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ပဓါနနာယက ဆရာတော် ကြီး ဘဒ္ဒသုမင်္ဂလ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၂၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲတွင် လှူဒါန်းသော ပဒေသာပင် (၁၀၂)ပင် တန်ဘိုးငွေ (၂၀၉,၇၆၈၁၉/ိ-)သိန်းနှင့်  လှူဖွယ်ဝတ္တူငွေ (၉၄,၀၅၀၀၀/ိ-)၊စုစုပေါင်းလှူဒါန်းငွေသိန်း (၃၀၃, ၈၁၈၁၉) (သုံးရာသုံးသိန်းရှစ်သောင်းတစ်ထောင်ရှစ်ရာတစ်ဆယ့်ကိုးကျပ်)တန်ဘိုး လှူဒါန်းခဲ့ကြောင်း သိရသည်။
 စုပေါင်းမဟာဘုံကထိန်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊စေတနာရှင်အလှူရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment