မကွေး
နိုဝင်ဘာ ၁၂
တက္ကသိုလ်ဝင်တန်း
စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက နိုဝင်ဘာ ၁၂ ရက်နေ့ နေလယ် ၁ နာရီခွဲက မကွေးမြို့ အထက(၁) ပန်းဟေဝန်ခန်းမဆောင်၌ ပြုလုပ်သည့်
ပညာရေးဝန်ထမ်းများ နှင့် တွေ့ဆုံပွဲတွင် တိုက်တွန်းမှာကြားသည်။
တက္ကသိုလ်ဝင်တန်း
စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်ကြရာတွင် တက္ကသိုလ်မှ ပါမောက္ခဆရာကြီး/ဆရာမကြီးများနှင့်ဆရာ/ဆရာမများ
အကူအညီဖြင့် တက္ကသိုလ်ဝင် တန်း ဘာသာပြဆရာ/ဆရာမများ ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်
ကျောင်းသား ကျောင်း သူများ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ကြရန်၊ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မှာကြားခဲ့သည်။ ထို့ပြင် မူလတန်းအဆင့်၊
အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ တစ်တန်းနှင့် တစ်တန်း ကျောင်းကူးပြောင်းရာတွင်
ကျောင်းသားများ ကျောင်းမှ မထွက်ကျရေးနှင့် ပညာရေးဘဏ္ဍာငွေများကို စီစစ်သုံးစွဲရေးတို့ကို
မှာကြားသည်။
ဆက်လက်၍
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေးတိုင်းဒေသကြီး၏
ပညာရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာ သည့် ပညာရေးဝန်ထမ်း
ဆရာ/ဆရာမများက မိမိတို့ကျောင်းများအလိုက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တင်ပြဆွေးနွေးမှုများအပေါ်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲသို့
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ တာဝန်ရှိသူများ၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့
လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊တိုင်းအဆင့်ဌာနဆိုင်ရာများ၊တိုင်းဒေ သကြီးပညာရေး
ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊မြို့နယ်အဆင့် ပညာရေးမှူးများ အထက်တန်း၊ အလယ်တန်း၊မူလတန်းအဆင့်
ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးသည်
အလားတူ တွေ့ဆုံပွဲများကို ညနေ ၃ နာရီတွင် မကွေးတက္ကသိုလ်နှင့်ညနေ ၅ နာရီတွင် ပညာရေးကောလိပ်(မကွေး)တို့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment