စလင်း နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊မကွေးခရိုင်ရုံးရှိ
တာဝန်ခံ အရာရှိများမှ မင်းဘူးခရိုင်၊စလင်းမြို့နယ်အတွင်းရှိ
စက်ရုံ၊အလုပ်ရုံ၊ဆိုင်/အလုပ်ဌာနများမှ အလုပ်ရှင်များနှင့် အလုပ်သမားများအား ဌာနမှ စည်းကြပ်သည့်
ဥပဒေများကို သိရှိလိုက်နာနိုင်စေရန်၊ အလုပ်သများ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ဝစွာ
ရရှိစေရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်လုပ်မှုစွမ်းအား မြင့်မားလာ
စေရန်တို့အတွက် နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ
တွင်အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊မကွေးခရိုင်ရုံး
တာဝန်ခံအရာရှိမှ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊၂၀၁၆ခုနှစ်၊
ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊၂၀၁၆ခုနှစ်၊ အခကြေးငွေပေးချေးရေး ဥပဒေတွေကို အလုပ်သမားတွေနဲ့
အလုပ်ရှင်တွေ သိရှိလိုက်နာစေဖို့၊ အလုပ်ရှင်များနှင့် အလုပ်သမားတွေပါ ဖိတ် ကြား တက်ရောက်စေပြီး
အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ပေးတာပါ ဟုပြောသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အလုပ်ရုံနှင့်
အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မကွေးခရိုင်ရုံးမှ ဒေါ်မြိုင်မြိုင်သိန်း၊ဦးစီးအရာရှိ(အလုပ်သမားဥပဒေစစ်ဆေးရေး)နှင့်
ဒေါ်ချိုမီကို၊ ဦးစီးအရာရှိ၊ (အလုပ်ရုံစစ်ဆေးရေး)တို့က အလုပ်သမားဥပဒေပါ သိကောင်းစရာများနှင့်
လိုက်နာရမည့်အချက်များအား ရှင်း လင်းဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသော အလုပ်ရုင်နှင့်
အလုပ်သမားများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment