Saturday, November 19, 2016

မြို့တွင်းလမ်းများ ပြုပြင်ဆောင်ရွက်




မြို့သစ်     နိုဝင်ဘာ     ၁၈
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် ဒုတိယ(၃)လပါတ်လုပ်ငန်းဖြစ်သော မြို့တွင်းလမ်းများ ကတ္တရာ လမ်းပေါက်ဖာထေးခြင်း လုပ်ငန်းအရှည်ပေ(၃၀၀၀)စတုရန်းပေအား ခွင့်ပြုရန်ပုံငွေကျပ်(၁)သန်း ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က  မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဆန်းဝင်း နှင့်တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးတို့မှ လုပ်ငန်းဆောင်ရွက်မှုအား  ကြီးကြပ်ဆောင်ရွက်ခဲ့စဉ်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment