Friday, November 18, 2016

သန့်ရှင်းလပ်ဆပ်သော အသား/ငါးများအား ပြည်သူများ စားသုံးနိုင်ရေး ကွင်းဆင်းစစ်ဆေး



မြို့သစ်     နိုဝင်ဘာ     ၁၈
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်သာယာဈေးအတွင်း ကြက်ဥ၊ကြက် သားနှင့်ငါး ရောင်းချလျက်ရှိသည့် ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့ပေါ်ရပ်ကွက် အတွင်းရှိ ကြက်မွေးမြူရေးခြံများအား ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖျန်း ခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ၍ နိုဝင်ဘာ ၁၇ ရက် နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ ကြက်သားများ ကိုင်တွယ်ရောင်းချရာတွင် စနစ်တကျ ကိုင်တွယ် ဆောင်ရွက်ရန်၊ကူးစက်ရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသော ဒေသတို့မှ ကြက်ဥ၊ကြက်သားများ ရောင်းချမှုမရှိစေရေး၊ သန့်ရှင်းလပ်ဆပ်သော အသားများအား ပြည်သူများ စားသုံးနိုင်ရေးနှင့် အလေးချိန်ခွင် ပြည့်မှီစွာ Digital ချိန်ခွင်များဖြင့် ရောင်းချဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်နှင့် မွေး/ကုဦးစီးဌာန ဦးစီးအရာရှိ တို့က ကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ၀န်ထမ်းများက ကြက်မွေးမြူရေးခြံများတွင် ရောဂါကြို တင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖျန်းခြင်းနှင့် ကြက်မွေးမြူရေးနှင့်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment