ရေနံချောင်း နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်
ရုံးကုန်းအုပ်စု ဆည်ကျေးရွာ ကွင်းအမှတ် (၁၁၉)တောင်သူ ဦးမင်းမင်းအောင်၏ ရွှေတောင်(၈)
ချည်မျှင်ရှည်ဝါ တောင်သူနည်းပညာပေး စံပြကွက်(၃)ဧက စိုက်ခင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက
ယမန်နေ့ နံနက်ပိုင်းတွင် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်ရာ ခရိုင်၊ မြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ဖိတ်ကြားထားသည့်
ဧည့်သည်တော်များနှင့် ၀ါစိုက်တောင်သူ စုစုပေါင်း (၁၅၀)ဦးတို့
တက်ရောက်ခဲ့ကြပြီး ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းလှက လမ်းညွှန်အမှာစကား ပြောကြားသည်။
ဆက်လက်၍
ကွင်းပြပွဲတွင် လက်ရှိဌာနမှဖြန့်ဖြူးပေးနေသော ငွေချည်(၆)၊ ငွေချည်(၉)နှင့် ရွှေတောင်
(၈)၀ါမျိုးများမှ မျိုးရိုးဗီဇ အရည်အသွေး လက္ခဏာများကို ၀ါစိုက်တောင်သူများ အနေဖြင့်
ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဧက ၀ါပိသာ(၁၀၀၀)ကျော်
ထွက်ရှိရေးအတွက် အထွက်တိုး နည်းပညာ(၁၀)ချက်ကို ၀ါသီးနှံ တာဝန်ခံ ဒေါ်ငြိမ်းငြိမ်းစမ်းက
အကျယ်တ၀ံ့ ရှင်းလင်းပြောကြားကာ တောင်သူ များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
တောင်သူ ဦးမင်းမင်းအောင်၏
ရွှေတောင် (၈) ချည်မျှင်ရှည်ဝါ တောင်သူနည်းပညာပေး စိုက်ပျိုးထားသော
စိုက်ခင်းတွင် စိုက်ပျိုးရေးဌာန၀န်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးထား
ရှိပုံ၊လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တောင်သူများ သိလိုသည့်
မေးမြန်း ချက်များအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment