Sunday, November 13, 2016

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပ



မကွေး       နိုဝင်ဘာ      ၁၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်း လုပ်ငန်းတာဝန် ဆောင်ရွက် နေမှုများကို မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်စိုးမှ ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ညွန်ကြားရေးမှူး(ငြိမ်း) ဦးမောင်မောင်ဝင်းက ပြည်ထဲရေးဝန်ကြီးဌာန အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာတွင် လက်ရှိတာဝန်ထမ်းဆောင်သူများအား သြဝါဒ စကားပြောကြားခဲ့သည်။
ထို့နောက် မြန်မာတစ်နိုင်ငံလုံးပြည်သူဝန်ဆောင်မှုရုံး(OSS)နှစ်သိမ့်ဆုရရှိသည့် စလင်းမြို့နယ်ရုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနိုင်ဦးက စလင်းမြို့နယ် အုပ်ချုပ်ရေး မှူးထံ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံသည်။ မွန်းလွဲပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းထူးချွန်ဆုချီးမြှင့်ခြင်း၊ ၂၀၁၆ခုနှစ် တက္ကသိုလ် ဝင်တန်းစားမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သူ မှီခိုသူ သား/သမီးများအား ဆုချီးမြှင့်ခြင်း နှင့် ၂၀၁၆ခုနှစ်အတွင်း မည်သည့်ခွင့်အမျိုးအစားကိုမှ ယူခဲ့ခြင်းမရှိသည့် ဝန်ထမ်း(၁၈)ဦးအား လုပ်ငန်းခွင် သံယောဇဉ်ဆု ချီးမြှင့်ခြင်း နှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ၀န်ထမ်းများအား ဗလာမပါကံစမ်းမဲ ဖောက်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ် ရေးဦးစီးဌာမှ အငြိမ်းစားဝန်ထမ်းများ၊တိုင်း၊ခရိုင်၊မြို့နယ်များမှ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများ ထက်ရောက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment