မကွေး နိုဝင်ဘာ ၁၅
INGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Building
Markets နဲ့ HYW Business & IT School (magway)တို့ ပူးပေါင်းကျင်းပတဲ့ Global
Entrepreneurship Week(GEW)အထိမ်းအမှတ် seminars နဲ့ workshops ပြုလုပ်ပွဲကို နိုဝင်ဘာ
၁၅ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ S0ft Guide(Magway)သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့်
စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း တက်ရောက်အမှာစကားပြောကြားသည်။
ဆက်လက်၍ GEW အစီအစဉ်ဖြစ်မြောက်ရေးအတွက်
organizer အဖြစ်ဆောင်ရွက် ပေးသော HYW Co., Ltd မှဒေါ်ဌေးယဉ်ဝင်းက ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းပြောကြား ပြီး Existing Innovators များ Job creators များ၏ motivation Seminars အစီအစဉ် ဆောင်ရွက်ခြင်း၊ HYW Business & IT
School မှ Trainersများ၏ leadership &Management, entrepreneurship နှင့်ပတ်သက်သော
workship အား ပျော်ရွှင်စရာ Games အစီအစဉ်များဖြင့် ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Global Entrepreneurship Week သည် မိမိတို့၏
ကိုယ်ပိုင် ideas များကိုသုံးကာ startup များ အဖြစ် စတင်လုပ်ကိုင်လာခဲ့ကြသော
existing innovators များ job creators များ ကစီပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သော်လည်းကောင်း၊လူသားများ၏ကောင်းကျိုးများအတွက် လည်းကောင်း၊ တစ်တပ်တစ်အား ပါဝင်လှုပ်ရှားပေးကြသော
အစီအစဉ်ကောင်း တစ်ခုဖြစ်ပြီး နိုဝင်ဘာလ၏ ရက်သတ္တပတ်အတွင်း self- starters နှင့်
innovators များအား ၄င်းတို့၏ poten tial များက ရှာဖွေဖော်ထုတ်လာနိုင်စေရန် local,
national, global အဆင့် activities များ ပြုလုပ်ပေးခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ SME လုပ်ငန်းရှင်များနဲ့
လူငယ် Potentials တွေ အတွက် အခုလိုပွဲတွေ ကျင်းပပေးဖို့အတွက် HYW အနေနဲ့ စိတ်ဆန္ဒများစွာရှိပါတယ်၊
တိုင်းဒေသ ကြီးအတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ SME လုပ်ငန်းရှင်များ၏
capacity development အတွက်လည်းကောင်း၊potential entrepreneurs များ ပေါ်ပေါက်လာ စေရန်အတွက်လည်းကောင်း၊နိုင်ငံတကာအဆင့်မီ
စီးပွားရေးဘွဲ့များကို ရယူနိုင်သောသူများ ပေါ်ထွန်းလာစေရန်အတွက်လည်းကောင်း၊ HYW
Business & IT School အနေနဲ့ private school အနေနဲ့ရော အစိုးရဌာနများနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမယ့်
လုပ်ငန်းတွေမှာလည်း volunteer school အနေနဲ့ပါ ဆက်လက်ဆောင်ရွက်သွားပါမယ်ဟု HYW
Co., Ltd မှ GEW အစီအစဉ်ဖြစ်မြောက်ရေး organizer ဒေါ်ဌေးယဉ်ဝင်းက ပြောသည်။
သန်းနိုင်ဦး(ငဖဲ)