ပွင့်ဖြူ အောက်တိုဘာ ၁၁
၂၀၁၆-၂၀၁၇
ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်အတွင်းဆောင်ရွက်မည့်
ကျေးလက်လမ်း/တံတား၊ရေပေးရေးလုပ်ငန်းများအား တင်ဒါရ ကုမ္ပဏီများမှရှင်းလင်းဆွေးနွေးပွဲအား
ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၁၁)ရက်နေ့၊နံနက်(၈)နာရီက
ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးတင့်ဆန်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် သက်ဆိုင်ရာ တင်ဒါရ ကုမ္ပဏီများနှင့်
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့သည်။
မြို့နယ်ဦးစီးမှူး
ဦးကျော်ကျော်နှင့် တင်ဒါရ ကုမ္ပဏီများမှ ကျေးလက် လမ်း/တံတား၊ ရေပေးရေးလုပ်ငန်းများ
ဆောင်ရွက်မည့်အစီအစဉ်များ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကုမ္ပဏီများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment