Thursday, October 13, 2016

သစ်သားနှင့်ဆောက်လုပ်ခြင်းထက် သံထည်များနှင့် ဆောက်လုပ်ခြင်းက ပိုမိုတွင်ကျယ်လာသည့်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဂဟေဆက် သင်တန်းဖွင့်လှစ်




မကွေး     အောက်တိုဘာ     ၁၁
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ကျေးရွာပြည်သူများ အနေဖြင့် တစ်ဖက် တစ်လမ်းမှ ၀င်ငွေတိုးပွားရရှိ စေရေး ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းအမျိုးမျိုးဖြင့် ဖွင့်လှစ် ပို့ချလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မကွေးမြို့နယ် ဝါဂွမ်းကျေးရွာ တပ်ဦးဘုန်းတော်ကြီးကျောင်း တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဂဟေဆက် သင်တန်းကို မကွေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ကကြီးမှုး၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှုး ဦးဝင်းနိုင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း နှင့် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဒုတိညွှန်ကြားရေးမှုး ဦးသန်းနိုင်ဦး တို့တက်ရောက်အားပေးခဲ့ကြသည်။ 

အဆိုပါ သင်တန်းကိုဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ယခုအခါ အဆောက်အဦများ ဆောက်လုပ် ရာတွင် သစ်သားနှင့်ဆောက်လုပ်ခြင်းထက် သံထည်များနှင့် ဆောက်လုပ်ခြင်းက ပိုမိုတွင်ကျယ် လာခြင်းကြောင့် လည်းကောင်း၊ ကျွမ်းကျင် လုပ်သားများ ရှားပါးလာခြင်းကြောင့် လည်းကောင်း၊ မိသားစု တစ်ဦးချင်း ဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများပွင့်လန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ၄င်းသင်တန်းကို အောက်တိုဘာ ၁၀ ရက်မှ ၂၁ ရက်အထိ (၁၀) ရက်ကြာ ကျွမ်းကျင်နည်းပြဆရာများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသား (၁၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း မြိုနယ်ကျေးလက်ဦးစီးမှူး ဦးဝင်းနိုင်ထံမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment