Wednesday, October 12, 2016

တောင်သူအကျိုးပြုမည့် လယ်ယာသုံးစက်ကရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကျင်းပ




ပွင့်ဖြူ        အောက်တိုဘာ        ၁၀
          ခေတ်မှီလယ်ယာသုံး စက်ကရိယာများကို စနစ်တကျကိုင်တွယ် မောင်းနှင် ထိန်းသိမ်းတတ်စေပြီး၊ အခြေခံကျသော စာတွေ့/လက်တွေ့ သင်ခန်းစာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် တောင်သူဦးကြီးများ ကြုံတွေ့ ခံစားနေရသော လယ်ယာ လုပ်သားရှားပါးမှု၊စက်ကရိယာများ မကျွမ်းကျင်မှု အခက်အခဲများ၊ ကျွဲ/နွား ရှားပါးမှုနှင့် ကျွဲ/နွားရောဂါ ပြဿနာများကို ထိရောက်စွာ ကျော်လွှားနိုင်စေရန်နှင့်လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အချိန်တိုအတွင်း ကူးပြောင်း ရောက်ရှိနိုင်စေရန် ရည်ရွယ်၍ လယ်ယာသုံး စက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၁၆)ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်(၈)နာရီက ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၄၆) စက်မှုလယ်ယာစခန်းတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးမိုးကျော်မှ သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်း၍ သင်တန်းသားများအား စက်ကရိယာ မောင်းနှင်မှု လက်တွေ့ သရုပ်ပြ သင်ကြား ပေးခဲ့သည်။
          အဆိုပါသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ စံပြကျေးရွာ၊လယ်လှကုန်းကျေးရွာ၊ကံသာကြီးကျေးရွာ၊ နှင့် ညောင်ပင်ရွာကျေးရွာတို့မှ ဒေသခံ တောင်သူ သင်တန်းသား (၃၀)ဦးအား အောက်တိုဘာလ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့/လက်တွေ့ ကျွမ်းကျင်တတ်မြောက်ပြီး၊ လယ်ယာလုပ်ငန်းခွင်တွင် စက်ကရိယာများဖြင့် ထိန်းသိမ်းမောင်းနှင် အသုံးပြုနိုင်သည်အထိ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment