ငဖဲ အောက်တိုဘာ ၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့်
၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်လမ်း တံတား ရေပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍
လုပ်ငန်းတင်ဒါ ရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင်
ကျင်းပပြုလုပ်ခဲ့သည်။
ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်
ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ကျေးရွာချင်းဆက် လမ်း တံတား ကောင်းမွန်ရေး၊သက်ဆိုင်ရာ
ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ/သားများအား ပွင့်လင်း မြင်သာ မှုရှိအောင် ချပြဆောင်ရွက်သွားကြရန်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍
အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးယုနိုင်လင်းက လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီနှင့်ပြည်သူများကြား လုပ်ငန်းပိုင်းနှင့်ပတ်သက်၍
ပွင့်လင်းမြင်သာမှု ရှိစေရေး လုပ်ငန်းတင်ဒါ
ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မည့်
ကျေးရွာအုပ်စု/ကျေးရွာအမည်၊ အတိုင်းအတာ၊ ခွင့်ပြုရန်ပုံငွေနှင့် တင်ဒါအောင်မြင် သည့်
ကုမ္ပဏီစာရင်းများအား ဖတ်ကြားတင်ပြခဲ့ပြီး တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ကျေးရွာ
အုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ/ရပ်မိရပ်ဖများ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကြရန်
ပြောကြား သည်။
ဆက်လက်၍
၂၀၁၆-၂၀၁၇
ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အိုးမြေတွင်းကျေးရွာ မန်းချောင်းကူး သံကူကွန်ကရစ်တံတား
ပေ(၉၂၀)ဆောက်လုပ်မှု တန်ဖိုးကျပ်သိန်း(၉၂၀၀)နှင့် ပတ်သက်၍ မန်းဧရာဝတီကုမ္ပဏီ ဦးကောင်းကောင်းမှလည်းကောင်း၊
ဇီးတော - ပေါင်းကလေး ကျေးရွာချင်းဆက်တံတား အရှည်ပေ(၅၀၀) ဆောက်လုပ်မှုတန်ဖိုးကျပ်သိန်း
(၅၀၀၀)နှင့်ပတ်သက်၍ ခေတ်မီဦးကုမ္ပဏီမှ ဦးညဏ်ထက်အောင်က လည်းကောင်း၊ ဆူးပဒေါင်း၊ စည်သာ၊
ဝက်စာကျင်း၊ ရှောက်ရင်းကျေးရွာများတွင် ရေရရှိရေးလုပ်ငန်းနှင့်ရေတားတမံတည်ဆောက်ခြင်း
(၄)ခု ဆောက်လုပ် မှုတန်ဖိုးကျပ်သိန်း(၂၈၆၅)ဖြင့် ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ လင်းလက်ဝေ
ကုမ္ပဏီမှ လည်းကောင်း လုပ်ငန်းဆောင်ရွက်မည့် ကိစ္စများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပွဲအပြီးတွင်
အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက
သိလိုသည့်မေးမြန်းမှုများကို ကုမ္ပဏီတာဝန်ခံများက ရှင်းလင်းပြောကြားခဲ့ ကြောင်းနှင့်
အဆိုပါ လုပ်ငန်းတင်ဒါရှင်းလင်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
လုပ်ငန်းဆောင်ရွက် မည့်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊
တင်ဒါရကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment