Thursday, October 13, 2016

အမျိုးသမီးတစ်ဦးက ဖေ့စ်ဘုတ် မှခင်မင်ခဲ့သော အမျိုးသားက ခြိမ်းခြောက်ငွေတောင်းပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနှင့်ပက်သက်၍ တိုင်ကြားအမှုဖွင့်





               အောင်လံမြို့နယ်နေ အမျိုးသမီးတစ်ဦးမှ တယ်လီဖုန်းအင်တာနက်  ဖေ့ဘုတ် သုံးစွဲခဲ့ရာမှ သိကျွမ်း ခဲ့သော အမျိုးသားတစ်ဦးက ၎င်းအား
ခြိမ်းခြောက်ငွေတောင်းပြီး
ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနှင့်ပက်သက်​တိုင်ကြားအမှုဖွင့်ခဲ့မှု
အောက်တိုဘာ(၅)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း အောင်လံမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ အောင်လံမြို့၊ စက်ရုံရပ်ကွက်နေ မ----၊အသက်(၂၉)နှစ်သည် လွန်ခဲ့သော
(၉)လခန့်မှ စ၍ ဖုန်းဖြင့်  အင်တာနက် သုံးစွဲရာမှ “ကောင်စုတ်ကလေး”
အကောင့်ပိုင်ရှင် မျိုးမြင့်ဇော်၊အသက်(၁၉)နှစ်၊ သုံးဘီးမောင်း၊
ရွှေညောင်ပင်ကျေးရွာ၊ အောင်လံမြို့နယ်နေသူနှင့် သိကျွမ်းခဲ့ကြောင်း၊ လွန်ခဲ့သော
(၃)လခန့် က မျိုးမြင့်ဇော်မှ မ-----အား တရော်ကုန်းရပ်ရှိ “ရွှေပြောင်ပြောင်”
ဘုရားသို့ လာရောက်တွေ့ဆုံရန် နှင့် မလာရောက်ပါက မ------၏ နေအိမ်ရှေ့သို့
လာရောက်ပြီး အရှက်ခွဲမည်၊ မိသားစုများအားသတ်မည်ဟု ဖုန်းဖြင့်
ဆက်သွယ်ခြိမ်းခြောက်၍ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊နောက်ပိုင်းတွင်လည်း
အကြောင်းအမျိုးမျိုးပြော၍ ခြိမ်းခြောက်ငွေတောင်းသဖြင့် ငွေ(၅၀၀၀)မှ (၈၀၀၀၀)ထိ
အကြိမ်ကြိမ်ပေးခဲ့ရကြောင်း၊ စက်တင်ဘ(၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင်
မျိုးမြင့်ဇော်မှ ငွေ(၂၅၀၀၀၀)ကျပ်လာပေးရန် ဖုန်းဖြင့် ဆက်သွယ်တောင်းသဖြင့်
မ------မှ အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ ကွက်သစ်(၃)လမ်းရှိ၊
မူကြိုကျောင်းအနီးသို့ သွားရောက်ပေးခဲ့ရကြောင်း၊ စက်တင်ဘာ(၂၈) ရက်နေ့ မွန်းလွဲ
(၁)နာရီအချိန်ခန့်တွင် မျိုးမြင့်ဇော် မှ အောင်လံမြို့၊ဇေယျဝတီရပ်ကွက်ရှိ
မြို့ဦးဘုန်းတော်ကြီးကျောင်းအနီးသို့ လာရောက်တွေ့ဆုံရန် နှင့် မလာပါက
မိသားစုအရှက်ခွဲမည်ဟုပြောသဖြင့် သွားရောက်တွေ့ဆုံခဲ့ရာ မျိုးမြင့်ဇော်မှ
 မ-----အား “အဆက်အသွယ်မပြတ်ရန် ဖုန်းခေါ်ရင်ကိုင်”ဟုပြောဆိုပြီး
လက်သီးနှင့်ထိုး၊ခြေထောက်နှင့်ကန်၊ ပါးနှစ်ဖက်အားရိုက်ခဲ့ကြောင်း၊
အောက်တိုဘာ(၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခဲ့တွင် မျိုးမြင့်ဇော်မှ
အောင်လံမြို့ မကျီးကုန်းရပ်ကွက်ရှိ ကိုးသိန်းကုန်းဘုရားသို့ လာတွေ့ရန်
ဖုန်းဆက်ခေါ်သဖြင့် မိသားစုအသက်အန္တရာယ်စိုးရိမ်၍ သွားရောက်တွေ့ဆုံခဲ့ရာ
မျိုးမြင့်ဇော် မှ “ငါဖုန်းဆက်ရင်ကိုင်၊မကိုင်ရင် ငါ့အကြောင်းသိတယ်မဟုတ်လား”
ဟု ပြောဆိုပြီး မ------၏ ပါးနှစ်ဖက်အား ရိုက်နှက်ခဲ့သဖြင့် မ------မှ
နေအိမ်သို့ ပြန်အရောက်တွင် မိသားစုအား
အကြောင်းစုံဖွင့်ပြောတိုင်ပင်ကာတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း
တရားလို၏တိုင်ကြားချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍
 ခြိမ်းခြောက်ငွေတောင်းပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သူ မျိုးမြင့်ဇော်အား
အရေးယူပေးပါရန် အောက်တိုဘာ(၅)ရက်နေ့တွင် မ------မှ
တရားလိုပြုတိုင်ကြားခဲ့သောကြောင့်     အောင်လံမြို့နယ်၊  မြို့မရဲစခန်းမှ (ပ)
၅၇၈/ ၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၈၄/၃၅၄/၃၂၃ ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။
 
  မှတ်ချက် တရားလိုအမျိုးသမီး၏နာမည်မှာ
မခင်စိုးပိုင်(ခ)မမီမီး(အို)၊ အသက်(၂၉)နှစ် ဖြစ်ပါသည်။

နေဇော်

0 comments:

Post a Comment