This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, October 12, 2016

သစ်သားနှင့်ဆောက်လုပ်ခြင်းထက် သံထည်များနှင့် ဆောက်လုပ်ခြင်းက ပိုမိုတွင်ကျယ်လာသည့်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဂဟေဆက် သင်တန်းဖွင့်လှစ်




မကွေး     အောက်တိုဘာ     ၁၁
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ကျေးရွာပြည်သူများ အနေဖြင့် တစ်ဖက် တစ်လမ်းမှ ၀င်ငွေတိုးပွားရရှိ စေရေး ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းအမျိုးမျိုးဖြင့် ဖွင့်လှစ် ပို့ချလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မကွေးမြို့နယ် ဝါဂွမ်းကျေးရွာ တပ်ဦးဘုန်းတော်ကြီးကျောင်း တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဂဟေဆက် သင်တန်းကို မကွေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ကကြီးမှုး၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှုး ဦးဝင်းနိုင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း နှင့် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဒုတိညွှန်ကြားရေးမှုး ဦးသန်းနိုင်ဦး တို့တက်ရောက်အားပေးခဲ့ကြသည်။ 

အဆိုပါ သင်တန်းကိုဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ယခုအခါ အဆောက်အဦများ ဆောက်လုပ် ရာတွင် သစ်သားနှင့်ဆောက်လုပ်ခြင်းထက် သံထည်များနှင့် ဆောက်လုပ်ခြင်းက ပိုမိုတွင်ကျယ် လာခြင်းကြောင့် လည်းကောင်း၊ ကျွမ်းကျင် လုပ်သားများ ရှားပါးလာခြင်းကြောင့် လည်းကောင်း၊ မိသားစု တစ်ဦးချင်း ဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများပွင့်လန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ၄င်းသင်တန်းကို အောက်တိုဘာ ၁၀ ရက်မှ ၂၁ ရက်အထိ (၁၀) ရက်ကြာ ကျွမ်းကျင်နည်းပြဆရာများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသား (၁၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း မြိုနယ်ကျေးလက်ဦးစီးမှူး ဦးဝင်းနိုင်ထံမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ကျေးလက် လမ်း/တံတား၊ရေပေးရေးလုပ်ငန်းများမှ တင်ဒါရ ကုမ္ပဏီများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်




ပွင့်ဖြူ     အောက်တိုဘာ     ၁၁
          ၂၀၁၆­-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်အတွင်းဆောင်ရွက်မည့် ကျေးလက်လမ်း/တံတား၊ရေပေးရေးလုပ်ငန်းများအား တင်ဒါရ ကုမ္ပဏီများမှရှင်းလင်းဆွေးနွေးပွဲအား ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၁၁)ရက်နေ့၊နံနက်(၈)နာရီက ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် သက်ဆိုင်ရာ တင်ဒါရ ကုမ္ပဏီများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့သည်။
          မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် တင်ဒါရ ကုမ္ပဏီများမှ ကျေးလက် လမ်း/တံတား၊ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကုမ္ပဏီများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

တောင်သူအကျိုးပြုမည့် လယ်ယာသုံးစက်ကရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကျင်းပ




ပွင့်ဖြူ        အောက်တိုဘာ        ၁၀
          ခေတ်မှီလယ်ယာသုံး စက်ကရိယာများကို စနစ်တကျကိုင်တွယ် မောင်းနှင် ထိန်းသိမ်းတတ်စေပြီး၊ အခြေခံကျသော စာတွေ့/လက်တွေ့ သင်ခန်းစာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် တောင်သူဦးကြီးများ ကြုံတွေ့ ခံစားနေရသော လယ်ယာ လုပ်သားရှားပါးမှု၊စက်ကရိယာများ မကျွမ်းကျင်မှု အခက်အခဲများ၊ ကျွဲ/နွား ရှားပါးမှုနှင့် ကျွဲ/နွားရောဂါ ပြဿနာများကို ထိရောက်စွာ ကျော်လွှားနိုင်စေရန်နှင့်လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အချိန်တိုအတွင်း ကူးပြောင်း ရောက်ရှိနိုင်စေရန် ရည်ရွယ်၍ လယ်ယာသုံး စက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၁၆)ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်(၈)နာရီက ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၄၆) စက်မှုလယ်ယာစခန်းတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးမိုးကျော်မှ သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်း၍ သင်တန်းသားများအား စက်ကရိယာ မောင်းနှင်မှု လက်တွေ့ သရုပ်ပြ သင်ကြား ပေးခဲ့သည်။
          အဆိုပါသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ စံပြကျေးရွာ၊လယ်လှကုန်းကျေးရွာ၊ကံသာကြီးကျေးရွာ၊ နှင့် ညောင်ပင်ရွာကျေးရွာတို့မှ ဒေသခံ တောင်သူ သင်တန်းသား (၃၀)ဦးအား အောက်တိုဘာလ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့/လက်တွေ့ ကျွမ်းကျင်တတ်မြောက်ပြီး၊ လယ်ယာလုပ်ငန်းခွင်တွင် စက်ကရိယာများဖြင့် ထိန်းသိမ်းမောင်းနှင် အသုံးပြုနိုင်သည်အထိ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

အမျိုးသမီးတစ်ဦးက ဖေ့စ်ဘုတ် မှခင်မင်ခဲ့သော အမျိုးသားက ခြိမ်းခြောက်ငွေတောင်းပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနှင့်ပက်သက်၍ တိုင်ကြားအမှုဖွင့်





               အောင်လံမြို့နယ်နေ အမျိုးသမီးတစ်ဦးမှ တယ်လီဖုန်းအင်တာနက်  ဖေ့ဘုတ် သုံးစွဲခဲ့ရာမှ သိကျွမ်း ခဲ့သော အမျိုးသားတစ်ဦးက ၎င်းအား
ခြိမ်းခြောက်ငွေတောင်းပြီး
ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနှင့်ပက်သက်​တိုင်ကြားအမှုဖွင့်ခဲ့မှု
အောက်တိုဘာ(၅)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း အောင်လံမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ အောင်လံမြို့၊ စက်ရုံရပ်ကွက်နေ မ----၊အသက်(၂၉)နှစ်သည် လွန်ခဲ့သော
(၉)လခန့်မှ စ၍ ဖုန်းဖြင့်  အင်တာနက် သုံးစွဲရာမှ “ကောင်စုတ်ကလေး”
အကောင့်ပိုင်ရှင် မျိုးမြင့်ဇော်၊အသက်(၁၉)နှစ်၊ သုံးဘီးမောင်း၊
ရွှေညောင်ပင်ကျေးရွာ၊ အောင်လံမြို့နယ်နေသူနှင့် သိကျွမ်းခဲ့ကြောင်း၊ လွန်ခဲ့သော
(၃)လခန့် က မျိုးမြင့်ဇော်မှ မ-----အား တရော်ကုန်းရပ်ရှိ “ရွှေပြောင်ပြောင်”
ဘုရားသို့ လာရောက်တွေ့ဆုံရန် နှင့် မလာရောက်ပါက မ------၏ နေအိမ်ရှေ့သို့
လာရောက်ပြီး အရှက်ခွဲမည်၊ မိသားစုများအားသတ်မည်ဟု ဖုန်းဖြင့်
ဆက်သွယ်ခြိမ်းခြောက်၍ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊နောက်ပိုင်းတွင်လည်း
အကြောင်းအမျိုးမျိုးပြော၍ ခြိမ်းခြောက်ငွေတောင်းသဖြင့် ငွေ(၅၀၀၀)မှ (၈၀၀၀၀)ထိ
အကြိမ်ကြိမ်ပေးခဲ့ရကြောင်း၊ စက်တင်ဘ(၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင်
မျိုးမြင့်ဇော်မှ ငွေ(၂၅၀၀၀၀)ကျပ်လာပေးရန် ဖုန်းဖြင့် ဆက်သွယ်တောင်းသဖြင့်
မ------မှ အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ ကွက်သစ်(၃)လမ်းရှိ၊
မူကြိုကျောင်းအနီးသို့ သွားရောက်ပေးခဲ့ရကြောင်း၊ စက်တင်ဘာ(၂၈) ရက်နေ့ မွန်းလွဲ
(၁)နာရီအချိန်ခန့်တွင် မျိုးမြင့်ဇော် မှ အောင်လံမြို့၊ဇေယျဝတီရပ်ကွက်ရှိ
မြို့ဦးဘုန်းတော်ကြီးကျောင်းအနီးသို့ လာရောက်တွေ့ဆုံရန် နှင့် မလာပါက
မိသားစုအရှက်ခွဲမည်ဟုပြောသဖြင့် သွားရောက်တွေ့ဆုံခဲ့ရာ မျိုးမြင့်ဇော်မှ
 မ-----အား “အဆက်အသွယ်မပြတ်ရန် ဖုန်းခေါ်ရင်ကိုင်”ဟုပြောဆိုပြီး
လက်သီးနှင့်ထိုး၊ခြေထောက်နှင့်ကန်၊ ပါးနှစ်ဖက်အားရိုက်ခဲ့ကြောင်း၊
အောက်တိုဘာ(၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခဲ့တွင် မျိုးမြင့်ဇော်မှ
အောင်လံမြို့ မကျီးကုန်းရပ်ကွက်ရှိ ကိုးသိန်းကုန်းဘုရားသို့ လာတွေ့ရန်
ဖုန်းဆက်ခေါ်သဖြင့် မိသားစုအသက်အန္တရာယ်စိုးရိမ်၍ သွားရောက်တွေ့ဆုံခဲ့ရာ
မျိုးမြင့်ဇော် မှ “ငါဖုန်းဆက်ရင်ကိုင်၊မကိုင်ရင် ငါ့အကြောင်းသိတယ်မဟုတ်လား”
ဟု ပြောဆိုပြီး မ------၏ ပါးနှစ်ဖက်အား ရိုက်နှက်ခဲ့သဖြင့် မ------မှ
နေအိမ်သို့ ပြန်အရောက်တွင် မိသားစုအား
အကြောင်းစုံဖွင့်ပြောတိုင်ပင်ကာတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း
တရားလို၏တိုင်ကြားချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍
 ခြိမ်းခြောက်ငွေတောင်းပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သူ မျိုးမြင့်ဇော်အား
အရေးယူပေးပါရန် အောက်တိုဘာ(၅)ရက်နေ့တွင် မ------မှ
တရားလိုပြုတိုင်ကြားခဲ့သောကြောင့်     အောင်လံမြို့နယ်၊  မြို့မရဲစခန်းမှ (ပ)
၅၇၈/ ၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၈၄/၃၅၄/၃၂၃ ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။
 
  မှတ်ချက် တရားလိုအမျိုးသမီး၏နာမည်မှာ
မခင်စိုးပိုင်(ခ)မမီမီး(အို)၊ အသက်(၂၉)နှစ် ဖြစ်ပါသည်။

နေဇော်

ငဖဲမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက် လမ်း တံတား ရေပေးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ချပြရှင်းလင်း




ငဖဲ      အောက်တိုဘာ      
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်လမ်း တံတား ရေပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းတင်ဒါ ရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင်
ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ကျေးရွာချင်းဆက် လမ်း တံတား ကောင်းမွန်ရေး၊သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ/သားများအား ပွင့်လင်း မြင်သာ မှုရှိအောင် ချပြဆောင်ရွက်သွားကြရန်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီနှင့်ပြည်သူများကြား လုပ်ငန်းပိုင်းနှင့်ပတ်သက်၍  ပွင့်လင်းမြင်သာမှု ရှိစေရေး လုပ်ငန်းတင်ဒါ ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာအုပ်စု/ကျေးရွာအမည်၊ အတိုင်းအတာ၊ ခွင့်ပြုရန်ပုံငွေနှင့် တင်ဒါအောင်မြင် သည့် ကုမ္ပဏီစာရင်းများအား ဖတ်ကြားတင်ပြခဲ့ပြီး တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ကျေးရွာ အုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ/ရပ်မိရပ်ဖများ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကြရန် ပြောကြား သည်။
ဆက်လက်၍ ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အိုးမြေတွင်းကျေးရွာ မန်းချောင်းကူး သံကူကွန်ကရစ်တံတား ပေ(၉၂၀)ဆောက်လုပ်မှု တန်ဖိုးကျပ်သိန်း(၉၂၀၀)နှင့် ပတ်သက်၍ မန်းဧရာဝတီကုမ္ပဏီ ဦးကောင်းကောင်းမှလည်းကောင်း၊ ဇီးတော - ပေါင်းကလေး ကျေးရွာချင်းဆက်တံတား အရှည်ပေ(၅၀၀) ဆောက်လုပ်မှုတန်ဖိုးကျပ်သိန်း (၅၀၀၀)နှင့်ပတ်သက်၍ ခေတ်မီဦးကုမ္ပဏီမှ ဦးညဏ်ထက်အောင်က လည်းကောင်း၊ ဆူးပဒေါင်း၊ စည်သာ၊ ၀က်စာကျင်း၊ ရှောက်ရင်းကျေးရွာများတွင် ရေရရှိရေးလုပ်ငန်းနှင့်ရေတားတမံတည်ဆောက်ခြင်း (၄)ခု ဆောက်လုပ် မှုတန်ဖိုးကျပ်သိန်း(၂၈၆၅)ဖြင့် ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ လင်းလက်ဝေ ကုမ္ပဏီမှ လည်းကောင်း လုပ်ငန်းဆောင်ရွက်မည့် ကိစ္စများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိလိုသည့်မေးမြန်းမှုများကို ကုမ္ပဏီတာဝန်ခံများက ရှင်းလင်းပြောကြားခဲ့ ကြောင်းနှင့် အဆိုပါ လုပ်ငန်းတင်ဒါရှင်းလင်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းဆောင်ရွက် မည့်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ တင်ဒါရကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း          သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ အောက်တိုဘာ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၆)၊ ဂျာနယ်ကို အောက်တိုဘာ ၁၄ ရက်၊သောကြာနေ့ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ အောက်တိုဘာ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၆)၊ ဂျာနယ်ကို အောက်တိုဘာ ၁၄ ရက်၊ သောကြာနေ့ ဖြန့်ချိပါမည်။

အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။ ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇