Wednesday, September 28, 2016

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်




မကွေး       စက်တင်ဘာ      ၂၇
          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၇  ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ သည်။
          ထို့နောက် လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော် ကိုယ်စား လှယ်(၈)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီး(၂)ဦးက ပြန်လည် ဖြေကြားခဲ့ သည်။၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ဗိုလ်ကြီးတင်ဌေးက ဖတ်ကြားတင်သွင်းခဲ့သည်။
          ၎င်းနောက် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းဟန်ကဖတ်ကြားတင်သွင်းခဲ့ပြီးပြင်ဆင်သည့်ဥပဒေကြမ်း အပေါ် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက ဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁း၃၀)အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment