Friday, September 16, 2016

ဆင်ပေါင်ဝဲမြို့နယ်တွင် နေအိမ်အတွင်း မှ ဘိုးဘွားပိုင်ရွှေထည်ပစ္စည်းသိန်း(၈၀)ကျော်ခန့် အခိုးခံရမှုဖြစ်ပွား


          ဆင်ပေါင်ဝဲမြို့နယ်၊ ငန်းပြားကျေးရွာနေ အမျိုးသမီးတစ်ဦးမှ ၏ဘိုးဘွားပိုင် ရွှေထည်ပစ္စည်းများ နေအိမ်အတွင်း       မှ စက်တင်ဘာ(၅)ရက်နေ့ က အခိုးခံခဲ့ရမှုနှင့်ပက်သက်၍ စက်တင်ဘာ(၁၂)ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ မသင်းသင်းနွယ်၊အသက်(၃၇)နှစ်၊ငန်းပြားကျေးရွာ၊ဆင်ပေါင်ဝဲမြို့နယ်နေသူသည် စက်တင်ဘာ(၅)ရက်နေ့က နေအိမ်တွင်ရှိနေစဉ် ကျေးရွာရှိ လူတစ်ချို့မှ “ပက်စ်မြန်မာ” သို့ ငွေဆပ်ရန်အတွက်ငွေလိုနေသဖြင့် မသင်းသင်းနွယ် ထံ လာရောက်အကူအညီတောင်းစဉ် ၏ရွှေအားပေါင်နှံချေးရန်အတွက် နေအိမ်အပေါ်ထပ်ရှိ သေတ္တာအား ဖွင့်ကြည့်စဉ် လွန်ခဲ့သော(၂)လခန့်က သေတ္တာအတွင်းသော့ခတ်သိမ်းဆည်းထားသော ဘိုးဘွားပိုင် (၂)ကျပ်သားရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ (၁)ကျပ်သား သံကွင်းဆက် ရွှေဆွဲကြိုး(၁)ကုံး၊ (၅)မူးသားခန့်ရှိ ရွှေလက်ကောက်(၂)ကွင်း၊ (၃)ကျပ်ခွဲသားရှိသော ရွှေလက်ကောက်(၇)ကွင်း၊ (၁)ကျပ်သား MC အပြား ရွှေဟန်းချိန်း(၁)ခု၊ (၁)ကျပ်သား ဘတ်ကြိုး ရွှေဟန်းချိန်း(၁)ခု၊ (၁)မတ်သားရှိ ကျောက်နီရွှေလက်စွပ်(၁)ကွင်း၊ (၅)မူးသားရှိ ဒင်္ဂါးဆွဲပြား(၁)ခု၊ (၁)မတ်သားရှိ ကျောက်စိမ်းဆွဲသီးပါ နားဆွဲ(၁)ရံ၊ (၁)ကျပ်(၄)ပဲသားရှိ ရွှေဆွဲကြိုး(၁)ကုံး၊ စုစုပေါင်းတန်လိုး(၈၃)သိန်းခန့်မှာပျောက်ဆုံး နေကြောင်းစစ်ဆေးသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။ ယင်းပစ္စည်းများပျောက်ဆုံးခဲ့မှုနှင့် ပက်သက်၍ ခိုးယူသွားသူအားစုံစမ်းဖော်ထုတ်အရေးယူပေးရန် မသင်းသင်းနွယ်မှ စက်တင်ဘာ(၁၂)ရက်နေ့တွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၂၇၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
 မြေလတ် နေဇော်

0 comments:

Post a Comment