စေတုတ္တရာ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွမ်းမံရန် ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ
ပျက်စီးသွားသော မြောင်းမကြီးဆည်အား နိုင်ငံတော်သမ္မမှ ထောက်ပံ့သော ယာဉ်/စက်ယန္တရားဖြင့် ပြုပြင်ဆောင်ရွက်ပေးနေလျက်ရှိရာ
စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ
ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။
အဆိုပါ မြောင်းမကြီးဆည်သည် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်
ဆီးမီးချောင်းရေးတိုက်စာကာ ဆည်အတွင်း ရေ၀င်မြောင်းထိပ်ပိုင်းများပျက်စီးခဲ့သဖြင့် နိုင်ငံတော်သမ္မတ၏
ထောက်ပံ့သော ယာဉ်/စန္တာယားများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ရာ (၁၀၀)ရာနှုန်းပြည့် အချိန်မီပြီးစီးအောင်
ဆောင်ရွက်နိုင်ခဲ့ရာ မိုးစပါး ဧက(၂၀၀)ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း
သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment