မကွေး စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ဆောင်ရွက်မည့်
လမ်းလုပ် ငန်းများအတွက် လိုအပ်သောကတ္တရာများအနက် ဒုတိယအကြိမ် ကတ္တရာ(၄၄၈၄)တန်အား အိတ်ဖွင့်
တင်ဒါစနစ်ဖြင့် ၀ယ်ယူခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန
ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ကတ္တရာတင်ဒါ စိစစ်ရွေးချယ်ရေး
ကော်မတီ ဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက
အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ၀ယ်ယူခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် ကတ္တရာတင်ဒါဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး လမ်းဦးစီးဌာန
ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးသောင်းမြင့်ထွန်းက ရှင်းလင်းတင်ပြပြီး တင်ဒါစည်းကမ်းချက်များအား
ထပ်မံဖတ် ကြားရှင်းလင်းခဲ့သည်။ ဆက်လက်၍ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ ရှေ့မှောက်တွင်
ကတ္တရာ တင်သွင်းသည့် ကုမ္ပဏီ(၄)ခုမှ ဈေးနှုန်းအဆိုပြုလွှာများ အသီးသီး တင်သွင်းခဲ့ကြပြီး
အဆိုပြု ဈေးနှုန်းများအား ဖွင့်ဖောက်ကြေငြာကာ ပရိုဂျက်တာဖြင့် မှတ်တမ်းတင်ဖော်ပြခဲ့သည်။
ကတ္တရာတင်ဒါစိစစ်ရွေးချယ်ရာတွင် ကတ္တရာတင်ဒါတင်သွင်းသည့် ကိုကိုမြင့်ကုမ္ပဏီ၊ဦးသမာဓိ
ကုမ္ပဏီ၊Trade Hub ကုမ္ပဏီနှင့် မိုးထက်ကမ္ဘာကုမ္ပဏီ စသည့်ကုမ္ပဏီ(၄)ခုမှ တင်သွင်းခဲ့သည့်
ဈေးနှုန်းများအပေါ် ကတ္တရာတစ်တန်လျှင်(ရန်ကုန်အထိုင်ဈေး၊ယာဉ်ပေါ်တင်ပြီး) ကျပ်(၄၃၀၀၀၀/-)
နှုန်းဖြင့် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက အတည်ပြုသတ်မှတ်ခဲ့ပြီး ၀ယ်ယူမည့်ကတ္တရာ(၄၄၈၄)
တန်အား ကုမ္ပဏီ(၄)ခုသို့ ခွဲဝေပေးသွင်းစေခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment