Wednesday, September 28, 2016

မကွေးမြို့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း က အသင်းသားတစ်ဦး နှင့် ၎င်း၏ဇနီးတို့ကို ကုန်ဘိုးငွေသိန်း(၆၀)ကျော်လိမ်လည်မှုဖြင့်တိုင်ကြားအမှုဖွင့်

မကွေးမြို့၊ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း မှ အသင်းသားတစ်ဦးနှင့်၏ဇနီးတို့ကို ကုန်ဘိုးငွေပေး ချေခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ကုန်ဘိုးငွေလိမ်လည်မှုဖြင့် ပွဲရုံလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးမှ စက်တင်ဘာ (၂၆)ရက်နေ့က တိုင်ကြား အမှုဖွင့်ထားကြောင်း မကွေးနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ  ၂၀၁၆ခုနှစ် ဇူလှိုင်(၂၈)ရက်နေ့ နံနက်(၁၁)နာရီ(၄၅)မိနစ်   အချိန်က မနှင်းနွယ်အေး၊အသက်(၃၅)နှစ်၊ “လှိုင်မိသားစု” ပွဲရုံ ၊ အောင်ရတနာရပ်ကွက်၊ မကွေးမြို့နေသူသည် ပွဲရုံတွင်ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ဝင်းမြင့်ဦး၊အသက်(၃၀)နှစ်၊ ”ရွှေဘုန်းအောင်” ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ရောက်ရှိလာပြီး နှမ်းဖြူ(၂၅)ပိဿာ(၁)အိတ်လျှင်(၅၁၁၁၁)ကျပ်နှုန်းဖြင့် နှမ်း(၃၁)အိတ်နှင့်(၂၄)ပိဿာအတွက် ငွေကျပ် (၁၆၃၃၅၀၇)ကျပ်(၅၆)ပြားအား  သြဂုတ်(၁၉)ရက်နေ့တွင် ပေးချေမည်ဟုလည်းကောင်း၊ သြဂုတ်(၁၅)ရက်နေ့တွင် နှမ်းဖြူ(၂၅) ပိဿာ(၁)အိတ်လျှင်(၅၁၆၆၆)ကျပ်နှုန်းဖြင့် နှမ်း(၁၀၃)အိတ်နှင့်(၁၆)ပိဿာ၊(၇၀)ကျပ်သားအတွက် ငွေကျပ်(၅၃၅၆၁၁၀)ကျပ် (၈၉)ပြားအား သြဂုတ်(၁၉)ရက်နေ့တွင် ပေးချေမည်ဟုလည်းကောင်း ပြောဆိုခဲ့သဖြင့် သက်သေများရှေ့တွင် ပေးအပ်ခဲ့ပြီး သြဂုတ်(၁၉)ရက် နေ့တွင်လာရောက်ပေး ချေခြင်းမရှိသဖြင့် သွားရောက်တောင်းခံခဲ့ရာ ဝင်းမြင့်ဦးအား မတွေ့ရှိရဘဲ ၏ဇနီးဖြစ်သူ မချိုဇင်နွယ်၊အသက်(၃၁)နှစ်၊ ” ရွှေဘုန်းအောင်” ပွဲရုံလုပ်ငန်းကိုသာတွေ့ရှိခဲ့ပြီး သြဂုတ်(၂၄)ရက်နေ့တွင် မပျက်မကွက်ပေးချေမည်ဟု ဝန်ခံကတိပြုပြောဆိုခဲ့သဖြင့် ပြန်သွားခဲ့ပြီး သြဂုတ်(၂၄)ရက်နေ့တွင် ထပ်မံသွားရောက်တောင်းခံခဲ့ရာ တို့(၂)ဦးမှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။ 

ဖြစ်စဉ်နှင့်ပက်သက်၍ နှမ်းဘိုးငွေစုစုပေါင်း(၆၉၈၉၆၁၈) ကျပ်အား လိမ်လည်ရယူခဲ့သူ ဝင်းမြင့်ဦး နှင့် မချိုဇင်နွယ်တို့(၂)ဦးအား အရေးယူပေးရန် စက်တင်ဘာ(၂၆)ရက်နေ့တွင် မနှင်းနွယ်အေး မှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းမှ (ပ)၁၇၇၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့်အမှု ဖွင့်ထား ကြောင်းသိရသည်။ “လက်ရှိ ကျွန်တော်တို့ မကွေးနယ်မြေရဲစခန်းတွင် ယခုအမှုရောဆို ပေါင်း(၅)မှုပါ  လင်းမယားနှစ်ဦး အား(၄)မှု နှင့် အမျိုသားအား(၁)မှု ပေါင်း(၅)မှု ပွဲရုံလုပ်ငန်းရှင်အသီးသီးမှကုန်ဘိုးငွေလိမ်လည်မှုဖြင့်အမှုဖွင့်ထားပါကြောင်း “                  မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ထူး မှပြောကြားသည်။ ဝင်းမြင့်ဦးမှာ မကွေးမြို့ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း အသင်းသားတစ်ဦးဖြစ်ကာ အား ကုန်ဘိုးငွေများအား ပြေကြေအောင်ပေးချေခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စက်တင်ဘာ (၂၅)ရက်နေ့ရက်စွဲပါ စာဖြင့် အသင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်းအဆိုပါအသင်းမှသိရသည်။
မြေလတ် နေဇော်

0 comments:

Post a Comment