ပွင့်ဖြူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်းရှိ
စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးများကျ ရောက်သဖြင့် တောင်သူများ စုပေါင်းနှိမ်းနင်းဆောင်ရွက်နေလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်အတွင်း သရက်အုပ်၊ရွာသစ်၊ပြည်လုံးကျော်၊ကျစ်ကိုင်း၊မဒဲ၊ကနီ၊ကျောင်းကုန်းကြီး၊သရက်
တော၊ကုန်းဇောင်း ကျေးရွာအုပ်စုများရှိ စပါးစိုက်ခင်း ဧက(၁၀၀)ကျော်တွင် ဖြုတ်ပိုးများကျရောက်ခဲ့ပြီး
စပါးပင် များ အ၀ါရောင်သန်းလျက်ဖြုတ်ပိုးကောင်များ ကပ်နေလျက်ရှိရာ စပါးစိုက်ခင်းတဆက်တစ်စပ်
တည်းရှိ တောင်သူများ စုပေါင်း၍ ပိုးသတ်ဆေးများ
ပက်ဖြန်းကာကွယ်နှိမ်းနင်းလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး
၏ စီမံမှု၊ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုတို့ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများမှ
အဖွဲ့ဖွဲ့၍ ဖြုတ်ပိုးများကျရောက် မှုအား လက်ဦးမှုရရှိအောင် ကျေးရွာများရှိ စပါးစိုက်ခင်းများသို့
ကွင်းဆင်း အသိပညာပေးခြင်း၊ ဇွန်ဘီ(၉၅)အက်စ်ပီ ပိုးသတ်ဆေးများ တစ်ဧကလျင်(၂၅၀)ဂရမ်နှုန်းဖြင့်
အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ပေးနေလျက်ရှိသည်။
ကံသာကြီးကျေးရွာအုပ်စု၊ကွင်းအမှတ် (၉၁၀)တွင်
စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၈)နာရီက တောင်သူများအား စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးကျရောက်နေမှုနှင့်
ကာကွယ်နှိမ်းနင်းရမည့် နည်းလမ်းများကို ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်ဝင်းမှ
ကွင်းဆင်း အသိပညာပေး၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးများအခမဲ့ဖြန့်ဝေပေးခြင်း၊
စပါးစိုက်ခင်းများတွင်ကျရောက်တတ်သည့်ပိုးများနှင့် ကာကွယ်နည်း အသိပညာပေးလက်ကမ်းစာစောင်များကို
ဖြန့်ဝေပေးခဲ့ကာ ဖြုတ်ပိုးကျရောက်နေသည့် စပါးစိုက်ခင်းများအတွင်း စုပေါင်း ပိုးသတ်ဆေးဖြန်းခြင်းကို
လက်တွေ့ သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment