မင်းဘူး စက်တင်ဘာလ ၁၅
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်း မန်ရေနံမြေ
မှ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း မန်းရေနံမြေအမည်ပေါက်ပိုင်ဆိုင်မှုရရှိနိုင်ရန် မြေယာနှင့်သီနှံ လျော်ကြေးပေးလျော်ခဲ့ခြင်းနှင့်
ပတ်သက်၍ တောင်သူများသို့ ရှင်းလင်းဆွေးနွေးပွဲကို မန်ရေနံမြေ လုပ်သားအပန်ဖြေရိပ်သာ၌
စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၀း၃၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန်းရေနံမြေအထွေထွေမန်နေဂျာဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားရာတွင်
မန်းရေနံမြေမှ မြေလျော်ကြေးပေးလျော်ရန် (၃၈၂.၇၅)ဧက ရှိကြောင်း တစ်ဧကကိုမြေအတွက် လျော်ကြေး(၁၂)သိန်းနှင့်
သီးနှံအတွက်တစ်ဧကမှာ အမြင့်ဆုံး ဈေးအကောင်းဆုံးရရှိသော နှမ်းနက်အား သက်မှတ်၍ တစ်ဧကအထွက်နှုန်း(၁၀.၁၁)တင်း တစ်တင်းကို(၅၀၀၀၀)သောင်းနှုန်း သတ်မှတ်ပေးထား ကြောင်း
စုစုပေါင်းတစ်ဧကကို (၂၇၁၆၅၀၀) လျော်ကြေးပေးလျော်ခဲ့ကြောင်း (၂၈.၃.၂၀၁၆)ရက်နေ့ထိ ပေလျော်ထားသူ
တောင်သူ(၆၇၇)ဦး မြေဧကအနေဖြင့် (၃၃၆.၂၄)ဧကအား ပေလျော်ထားရှိကြောင်း ထိုသို့ပေးလျော်ဆောင်ရွက်လျက်ရှိသည့်
အချိန်တွင် မှားယွင်းပေးလျော်မှုများရှိနေကြောင်း တောင်သူများ ၏ တိုင်းကြားချက်အရ ဆက်လက်ပေးလျော်ရန်မဖြစ်နိုင်သည့်အတွက်
ရပ်နားထားရှိရကြောင်း၊ ယခုတွေ့ဆုံးဆွေးနွေးပွဲတွင် ညှိနှိုင်းဆောင်ရွက်မှုရရှိပါက ဆက်လက်ပေးလျော်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ၊မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်
ဦးနေမျိုးကျော်၊ မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ်ဦးကျော်စွမ်းရည်၊ လယ်ယာမြေ
စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးဦးတင့်နိုင်ထွန်း၊
မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီဝင်းတို့မှ
အမှာစကားများ ပြောကြားခဲ့သည်။ ထိုသို့အမှာစကားပြောကြားရာတွင် မြေယာတိုင်းတာရေးအဖွဲ့သစ်ကိုဖွဲ့၍
ကွင်း(၁၄)ကွင်းကို၊ စက်တင်ဘာလ(၁၇)ရက်နေ့မှစတင်ကာ (၁၄)ရက်တိုင်တိုင် တိုင်းတာဆောင်ရွက်
သွားရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတောင်သူများမှ လာရောက်ပူပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်ပြီးတက်ရောက်လာကြသည့် တောင်သူများမှ လျော်ကြေးနစ်နှာမှုများနှင့်ပတ်သက်၍
တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
တောင်သူဦးကြီးများ စုစုပေါင်းအင်အား(၁၈၀)ခန့်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ဖိုးပြည့်(မင်းဘူး)
0 comments:
Post a Comment