ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၏
မြို့ပတ်လမ်းဘေးရှိ ရေနှုတ်မြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၃)ရက်နေ့တွင်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ
လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေနှုတ်မြောင်းသည် စွန့်ပစ်အမှိုက်များ၊ရွှံ့နွံ့နှစ်များဖြင့် ပြည့်နေသဖြင့်
ရေကြီး/ရေလျှံမှုနှင့် မိုးသည်းထန်းစွာရွာသွန်းပါက မြို့ပေါ်ရပ်ကွက်နေအိမ်ဝိုင်းများနှင့်
မင်းဘူး-ပွင့်ဖြူ-စလင်း ကားလမ်းပေါ်အထိ ရေများ လျှံတက်လာပြီး၊ ရေထွက်ပေါက်မရှိ၍ သွားလာရအခက်အခဲတွေ့ကြုံနေကြရသည်။
ယခုအခါ အဆိုပါ ရေနှုတ်မြောင်းအား အရှည်(၆၃၀)ပေ၊ အနက်(၃)ပေ၊အကျယ်(၃)ပေရှိ အုတ်စီရေနှုတ်မြောင်းအား
မြို့နယ်စည် ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၉၉၆၈၀၀၀ိ/-)ကျပ်ဖြင့် အမြန်ဆောင်ရွက်နေလျက်ရှိရာ
(၆၀)ရာနှုန်း ပြီးစီး နေပြီးဖြစ်၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ခရီးသွားလာပြည်သူများ
ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment