မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့တွင်
လျှပ်စစ်ဗို့အားပြည်ဝစွာသုံးစွဲ နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေအကူအညီဖြင့်
(၆၆)ကေဗွီ ဓါတ်အားခွဲရုံ၌
Switch Bay (၁)စုံ တိုးချဲ့တပ်ဆင်ခြင်း၊ ၊(၁၁/၀.၄)ကေဗွီ(၂၀၀)ကေဗွီအေ ထရန်စဖော်မာတိုးချဲ့တည်ဆောက်ြ ခင်း
နှင့် (၄၀၀)ဗို့လိုင်း စံချိန်မမီကြိုးများအား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည် ။အဆိုပါ
လုပ်ငန်းဆောင်ရွက်နေမှုများအား စက်တင်ဘာ(၁၂)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး
လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်သန်း နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာ တည်ဆောက်ရေးလုပ်ငန်းများ
သတ်မှတ်စံချိန် စံညွန်းနှင့်အညီတည်ဆောက်ခြင်းရှိ ၊မရှိ ၊လေလွှင့် ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး၊
သတ်မှတ်အချိန်အတွင်းလုပ်ငန်းများပြီးစီးရေး၊
လုပ်ငန်းများဆောင်ရွက်ရာ၌
ဝန်ထမ်းများနှင့် ပြည်သူများ
လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာလု ပ်ဆောင်ကြရန်လမ်းညွန်မှာကြားခဲ့ေ ကြာင်းသိရသည်။
“ လက်ရှိ (၆၆)ကေဗွီ Switch Bay အတွက် ဆက်စပ်ပစ္စည်းများရောက်ရှိနေပြီး
(၁၁/၀.၄)(၂၀၀)ကေဗီအေ ထရန်စဖော်မာ တိုးချဲ့တည်ခြင်းလုပ်ငန်းတွင် ထရန်စဖော်မာ(၇၇)လုံးတွင်
(၅၂)လုံးတပ်ဆင်ပြီးစီးခြင်း၊( ၄၀၀)ဗို့လိုင်းကြိုးလှယ်ခြင်း (၄၀)ကီလိုမီတာတွင် (၂၀)ကီလိုမီတာပြီးစီးခြင်း၊
(၄၀၀)ဗို့လိုင်း ကွန်ကရစ်တိုင်လဲလှယ်ခြင်း(၁၀၅၀) လုံးတွင် (၃၂၈)လုံးလဲလှယ်ပြီးစီးနေပြီြး ဖစ်ကြောင်း
” သရက်ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လွင်ဦး မှပြောကြားသည်။
မြေလတ် နေဇော်
0 comments:
Post a Comment