This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 27, 2016

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်


မကွေး စက်တင်ဘာ ၂၇
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ သည်။
ထို့နောက် လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော် ကိုယ်စား လှယ်(၈)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးက ပြန်လည် ဖြေကြားခဲ့ သည်။၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ဗိုလ်ကြီးတင်ဌေးက ဖတ်ကြားတင်သွင်းခဲ့သည်။
၎င်းနောက် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းဟန်ကဖတ်ကြားတင်သွင်းခဲ့ပြီးပြင်ဆင်သည့်ဥပဒေကြမ်း အပေါ် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက ဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁း၃၀)အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြေ

ကညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
သန်းနိုင်ဦး(ငဖဲ)

စေတုတ္တရာမြို့ မြောင်းမကြီးဆည်အား နိုင်ငံတော်သမ္မတ၏ ထောက်ပံ့မှုဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်




စေတုတ္တရာ       စက်တင်ဘာ     ၂၈
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွမ်းမံရန် ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပျက်စီးသွားသော မြောင်းမကြီးဆည်အား နိုင်ငံတော်သမ္မမှ ထောက်ပံ့သော  ယာဉ်/စက်ယန္တရားဖြင့် ပြုပြင်ဆောင်ရွက်ပေးနေလျက်ရှိရာ စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။
          အဆိုပါ မြောင်းမကြီးဆည်သည် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဆီးမီးချောင်းရေးတိုက်စာကာ ဆည်အတွင်း ရေ၀င်မြောင်းထိပ်ပိုင်းများပျက်စီးခဲ့သဖြင့် နိုင်ငံတော်သမ္မတ၏ ထောက်ပံ့သော ယာဉ်/စန္တာယားများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ရာ (၁၀၀)ရာနှုန်းပြည့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ရာ မိုးစပါး ဧက(၂၀၀)ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်




စေတုတ္တရာ       စက်တင်ဘာ        ၂၈
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၆)ဖွင့်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊အစည်းအဝေးခန်းမတွင် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်(၈)နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက် ဖွင့်လှစ် ပို့ချသင်ကြားပေးခဲ့သည်။
          အဆိုပါသင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများး တက်ရောက်ခဲ့ပြီး သင်တန်းသား(၄၈)ဦးအား စက်တင်ဘာလ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့ထိ (၅)ရက်ကြာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် လူမှုဆိုင်ရာများကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

မကွေးမြို့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း က အသင်းသားတစ်ဦး နှင့် ၎င်း၏ဇနီးတို့ကို ကုန်ဘိုးငွေသိန်း(၆၀)ကျော်လိမ်လည်မှုဖြင့်တိုင်ကြားအမှုဖွင့်

မကွေးမြို့၊ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း မှ အသင်းသားတစ်ဦးနှင့်၏ဇနီးတို့ကို ကုန်ဘိုးငွေပေး ချေခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ကုန်ဘိုးငွေလိမ်လည်မှုဖြင့် ပွဲရုံလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးမှ စက်တင်ဘာ (၂၆)ရက်နေ့က တိုင်ကြား အမှုဖွင့်ထားကြောင်း မကွေးနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ  ၂၀၁၆ခုနှစ် ဇူလှိုင်(၂၈)ရက်နေ့ နံနက်(၁၁)နာရီ(၄၅)မိနစ်   အချိန်က မနှင်းနွယ်အေး၊အသက်(၃၅)နှစ်၊ “လှိုင်မိသားစု” ပွဲရုံ ၊ အောင်ရတနာရပ်ကွက်၊ မကွေးမြို့နေသူသည် ပွဲရုံတွင်ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ဝင်းမြင့်ဦး၊အသက်(၃၀)နှစ်၊ ”ရွှေဘုန်းအောင်” ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ရောက်ရှိလာပြီး နှမ်းဖြူ(၂၅)ပိဿာ(၁)အိတ်လျှင်(၅၁၁၁၁)ကျပ်နှုန်းဖြင့် နှမ်း(၃၁)အိတ်နှင့်(၂၄)ပိဿာအတွက် ငွေကျပ် (၁၆၃၃၅၀၇)ကျပ်(၅၆)ပြားအား  သြဂုတ်(၁၉)ရက်နေ့တွင် ပေးချေမည်ဟုလည်းကောင်း၊ သြဂုတ်(၁၅)ရက်နေ့တွင် နှမ်းဖြူ(၂၅) ပိဿာ(၁)အိတ်လျှင်(၅၁၆၆၆)ကျပ်နှုန်းဖြင့် နှမ်း(၁၀၃)အိတ်နှင့်(၁၆)ပိဿာ၊(၇၀)ကျပ်သားအတွက် ငွေကျပ်(၅၃၅၆၁၁၀)ကျပ် (၈၉)ပြားအား သြဂုတ်(၁၉)ရက်နေ့တွင် ပေးချေမည်ဟုလည်းကောင်း ပြောဆိုခဲ့သဖြင့် သက်သေများရှေ့တွင် ပေးအပ်ခဲ့ပြီး သြဂုတ်(၁၉)ရက် နေ့တွင်လာရောက်ပေး ချေခြင်းမရှိသဖြင့် သွားရောက်တောင်းခံခဲ့ရာ ဝင်းမြင့်ဦးအား မတွေ့ရှိရဘဲ ၏ဇနီးဖြစ်သူ မချိုဇင်နွယ်၊အသက်(၃၁)နှစ်၊ ” ရွှေဘုန်းအောင်” ပွဲရုံလုပ်ငန်းကိုသာတွေ့ရှိခဲ့ပြီး သြဂုတ်(၂၄)ရက်နေ့တွင် မပျက်မကွက်ပေးချေမည်ဟု ဝန်ခံကတိပြုပြောဆိုခဲ့သဖြင့် ပြန်သွားခဲ့ပြီး သြဂုတ်(၂၄)ရက်နေ့တွင် ထပ်မံသွားရောက်တောင်းခံခဲ့ရာ တို့(၂)ဦးမှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။ 

ဖြစ်စဉ်နှင့်ပက်သက်၍ နှမ်းဘိုးငွေစုစုပေါင်း(၆၉၈၉၆၁၈) ကျပ်အား လိမ်လည်ရယူခဲ့သူ ဝင်းမြင့်ဦး နှင့် မချိုဇင်နွယ်တို့(၂)ဦးအား အရေးယူပေးရန် စက်တင်ဘာ(၂၆)ရက်နေ့တွင် မနှင်းနွယ်အေး မှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းမှ (ပ)၁၇၇၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့်အမှု ဖွင့်ထား ကြောင်းသိရသည်။ “လက်ရှိ ကျွန်တော်တို့ မကွေးနယ်မြေရဲစခန်းတွင် ယခုအမှုရောဆို ပေါင်း(၅)မှုပါ  လင်းမယားနှစ်ဦး အား(၄)မှု နှင့် အမျိုသားအား(၁)မှု ပေါင်း(၅)မှု ပွဲရုံလုပ်ငန်းရှင်အသီးသီးမှကုန်ဘိုးငွေလိမ်လည်မှုဖြင့်အမှုဖွင့်ထားပါကြောင်း “                  မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ထူး မှပြောကြားသည်။ ဝင်းမြင့်ဦးမှာ မကွေးမြို့ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း အသင်းသားတစ်ဦးဖြစ်ကာ အား ကုန်ဘိုးငွေများအား ပြေကြေအောင်ပေးချေခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စက်တင်ဘာ (၂၅)ရက်နေ့ရက်စွဲပါ စာဖြင့် အသင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်းအဆိုပါအသင်းမှသိရသည်။
မြေလတ် နေဇော်

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်




မကွေး       စက်တင်ဘာ      ၂၇
          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၇  ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ သည်။
          ထို့နောက် လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော် ကိုယ်စား လှယ်(၈)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီး(၂)ဦးက ပြန်လည် ဖြေကြားခဲ့ သည်။၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ဗိုလ်ကြီးတင်ဌေးက ဖတ်ကြားတင်သွင်းခဲ့သည်။
          ၎င်းနောက် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းဟန်ကဖတ်ကြားတင်သွင်းခဲ့ပြီးပြင်ဆင်သည့်ဥပဒေကြမ်း အပေါ် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက ဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁း၃၀)အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
သန်းနိုင်ဦး(ငဖဲ)