Wednesday, August 17, 2016

မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုအန္တရာယ်ကြုံတွေ့နေရသော ပြည်သူများအတွက် UKT စက်ရုံမိသားစုမှ ငွေကျပ်သိန်း(၅၀)လှူဒါန်း




မကွေး     သြဂုတ်     ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာန၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု အန္တရာယ်ကြုံတွေ့နေရသော ပြည်သူများ လိုအပ်သည့် အထောက်အပံ့မှုများ ဆောင်ရွက်နိုင်ရန် အောင်လံမြို့ အလှူရှင် ဦးကံထွန်း၊ UKT စက်ရုံမိသားစုမှ ငွေကျပ်သိန်းငါးဆယ်အား ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု အန္တရာယ်ကြုံတွေ့နေရသော ပြည်သူများမှ ထိခိုက်လွယ်သော အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊မသန်စွမ်းသူများ၊အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအား လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်၊ လူမှုဝန်ထမ်းဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်ခင်နွဲ့ ထံသို့လာရောက်၍ အောင်လံမြို့ အလှူရှင် ဦးကံထွန်း၊ UKT စက်ရုံမိသားစုမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊တိုင်းဒေသကြီးဦးစီးမှူးက လှူဒါန်းမှု အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အား ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်းကို UKT စက်ရုံမှ မန်နေဂျာ ဦးမောင်မောင်ဆွေ  ပြောသည်။
ကျွန်တော်တို့ UKT စက်ရုံမိသားစု အနေဖြင့် အောင်လံမြို့တွင် ရေကြီးရေလျှံမှု အန္တရာယ်ကြုံတွေ့နေရသော စက်ရုံ လယ်ပြင်ရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊  တရော်ကုန်း ရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊သရက်တောရပ်ကွက်နှင့်မကျီးကုန်းရပ်ကွက်များမှ ရေဘေးအန္တရယ်ကြုံတွေ့ ခဲ့ရသည့် အိမ်ထောင်စု(၁၈၈၅)စုသို့  ဆန်(၁၁၅)အိတ်၊(၁)လီတာ ရေသန့်ဘူး(၄၀၀)ဘူးနှင့် (၂၀)လီတာ ရေသန့်ဘူး(၂၀၀)ကို သြဂုတ်လ ၄ ရက် ၅ ၇က်နှင့် ၆ ရက်နေ့များတွင် အဆိုပါ ရပ်ကွက်များသို့ သွားရောက်၍ လှူဒါန်းပြီး ဖြစ်ကြောင်း၊ ယခုလှူဒါန်းမှုနှင့်ပတ်သက်၍ တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့်တိုင်းဦးစီးတို့ရဲ့ အစီအမံအတိုင်း ဆက်လက်ပေးပို့လှူဒါန်း နိုင်ပါကြောင်း၊ ရှေ့ဆက်ပြီး ယခုကဲ့သို့ လှူဒါန်းခြင်းများကို ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောပြသည်။
အောင်လံမြို့ အလှူရှင် ဦးကံထွန်း၊ UKT စက်ရုံမိသားစုမှ လှူဒါန်းသည့် ငွေကျပ်သိန်းငါးဆယ်အား လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ရယူကာ ရေကြီးရေလျှံမှု အန္တရာယ်ကြုံတွေ့နေရသော ပြည်သူများထံသို့ ဆက်လက်၍ ထောက်ပံ့လှူဒါန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment