မင်းဘူး သြဂုတ် ၂၀
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် LIFT Fund ၏နည်းပညာပိုင်ဆိုင်ရာပံ့ပိုးမှုဖြင့် မင်းဘူးခရိုင်အတွင်းရှိ
၊မင်းဘူး၊ပွင့်ဖြူမြို့နယ်များရှိ ကျေးရွာ(၅)ရွာစီတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲ
ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးရွာတစ်ရွာလျင်ငွေကျပ်သိန်း
(၅၀) ခွဲဝေချထားပေလျက်ရှိရာ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး နှင့်အဖွဲ့မှ သြဂုတ်လ(၁၉)ရက်နေ့တွင်
ကျေးရွာများသို့ကွင်းဆင်းစစ်ဆေးဆောက်ခဲ့သည်။
မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့မှ
မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်များရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှ ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်သည့်
ကော်မတီ ၀င်များနှင့် တွေ့ဆုံ၍ ငွေစာရင်းရေးသွင်းခြင်းဆိုင်ရာအခက်အခဲများ၊စီမံကိန်းဆောင်ရွက်နိုင်မှု
အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ဖြေရှင်းရမည့်နည်းလမ်းများအား
တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေ
အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment