စေတုတ္တရာ သြဂုတ်
၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင်သက်တမ်း
တိုးမြှင့်ခြင်းလုပ်ငန်းများကို သြဂုတ်လ (၂၀)ရက်နေ့က ဆောင်ရွက်ပေးခဲ့သည်။
မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ခရိုင်ဦးစီးမှူးဦးသန်းနိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်(၈)ဦးဖြင့် စေတုတ္တရာမြို့နယ်အတွင်းရှိ
မော်တော်ဆိုင်ကယ်(၁၅၆)စီး၊ မော်တော်ယာဉ်(၃)စီး၊ ယာဉ်မောင်းလိုင်စင်(၂)ဦးသက်တမ်းတိုးခြင်းလုပ်ငန်းများကိုစိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။
ဖိုးပြည့်(မင်းဘူး)
0 comments:
Post a Comment