Monday, August 15, 2016

မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား (၂၅)မြို့နယ် လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်


မကွေး   သြဂုတ်   ၁၄
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား (၂၅)မြို့နယ် လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ(၄း၃၀)နာရီက မကွေးခရိုင် အားကစားကွင်းမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား (၂၅)မြို့နယ် လက်ဝှေ့ပြိုင်ပွဲနောက်ဆုံးပွဲစဉ်များအဖြစ် ၄၂ကီလိုတန်းတွင် သိန်းဇော်ဦး(ထီးလင်း)နှင့် မင်းခန့်ကျော်(ရေနံချောင်း)၊ ၄၈ကီလိုတန်းတွင်းဖိုးရဲ(သရက်)နှင့် နေလင်းအောင်(မင်းလှ)၊ ၅၀ကီလိုတန်းတွင် တင်ထွန်းအောင်(ကံမ)နှင့်ပွေးမန်းနိမ်း(ထီးလင်း)၊ ၅၂ကီ လိုတန်း ထွန်းလင်းအောင်(စလင်း)နှင့် ငိုင်းလိန်း(ထီးလင်း)၊ ၅၄ကီလိုတန်းတွင် ဒါဝှေ့(ထီးလင်း) နှင့် သိန်းဌေးအောင်(ဆင်ပေါင်ဝဲ)၊ ၅၇ကီလိုတန်းတွင် ထန်းနိမ်(ထီးလင်း)နှင့် ထက်ရှား(မြို့သစ်)တို့ ယှဉ်ပြိုင်ခဲ့ပါ သည်။
ဆက်လက်ပြီး ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ၄၂ကီလိုတန်းတွင် ပထမဆုရရှိသည့် သိန်းဇော်ဦး(ထီးလင်း)နှင့် ဒုတိယ၊ တတိယဆုရရှိသူများကို မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့တိုင်းဦးစီးမှူး ကလည်းကောင်း၊ ၄၈ကီလိုတန်းတွင် ပထမဆုရရှိသူ နေလင်းအောင်(မင်းလှ)နှင့် ဒုတိယ၊ တတိယဆုရရှိသူများကို မကွေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာသက်လွင်ကလည်းကောင်း၊ ၅၀ကီလိုတန်းတွင် ပထမဆုရရှိသည့် ပွေးမန်းနိမ်း(ထီးလင်း)နှင့် ဒုတိယ၊ တတိယဆုရရှိသူများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကလည်းကောင်း၊ ၅၂ကီလိုတန်းတွင် ပထမဆုရရှိသည့် ငိုင်းလန်း(ထီးလင်း)နှင့် ဒုတိယ၊ တတိယဆုရရှိသူများကို မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ကလည်းကောင်း၊ ၅၄ကီလိုတန်းတွင် ပထမဆုရရှိသည့် သိန်းဌေးအောင်(ဆင်ပေါင်ဝဲ)နှင့် ဒုတိယ၊ တတိယဆုရရှိသူများကို မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးကလည်းကောင်း၊ ၅၇ကီလိုတန်းတွင် ပထမဆုရရှိသူ ထက်ရှား(မြို့သစ်)နှင့် ဒုတိယ၊တတိယဆုရရှိသူများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆုများပေးအပ်ချီးမြှင့်ပါသည်။
ယင်းနောက် လက်ဝှေ့ပြိုင်ပွဲတွင် အမှတ်အများဆုံးဖြင့် ပထမဆုရရှိသည့် ထီးလင်းမြို့နယ်အသင်းအား ၀န်ကြီးချုပ်မှ တံခွန်စိုက်ဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ပါသည်။ အဆိုပါ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား(၂၅)မြို့နယ်လက်ဝှေ့ပြိုင်ပွဲကို သြဂုတ်လ ၁၀ရက်နေ့မှ သြဂုတ်လ၁၄ရက်နေ့ထိ ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင် လက်ဝှေ့ပြိုင်ပွဲ မကျင်းပခဲ့သည်မှာ ၁၈နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် မကွေးတိုင်းအတွင်းမှ လက်ဝှေ့ဝါသနာရှင်များက ဒီလိုလက်ဝှေ့ပွဲမျိုးမကြည့်ရတာ ကြာလို့လားမသိဘူး ကိုယ့်တိုင်းထဲက အားကစားသမားတွေ တိုးလာပြီး ဒီလိုယှဉ်ပြိုင်တာကြည့်ရတာ အကျေနပ်ဆုံးပါပဲဟု ပြောကြားခဲ့ကောင်းသိရသည်။
ညီညီမောင်(မကွေး)

0 comments:

Post a Comment