မကွေး သြဂုတ် ၂၂
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
ဗဟိုစည်းရုံးရေးကော်မတီ၏ လမ်းညွှန်မှု ၊ ဗဟိုဌာနချုပ် ၏ ကြီးကြပ်မှုဖြင့်
ဆောင်ရွက်သည့် အဆင့်မြင့်စည်းရုံးရေးသင်တန်းအမှတ်စဉ်(၃၉/၂၀၁၆)ကို
မကွေးမြို့၊ နတ်မောက်လမ်းပေါ်ရှိ စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်း၌
ယနေ့နံနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦး
မှ အဖွင့်အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် လက်ရှိ
မြန်မာနိုင်ငံတည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင်
တပ်မတော်၏အရန်အင်အားစုကြီးအနေဖြင့် လက်တွေ့ကျကျ ပူးပေါင်းအကောင်အထည်
ဖော်ဆောင်ရွက်ကြရန် ၊ မိတ်ဖက်အဖွဲ့အစည်းများ ၊ ဌာနဆိုင်ရာများနှင့်လည်း
မပြတ်လက်တွဲဆောင်ရွက်ရန် ၊ အဖွဲ့ဝင်နှင့်အရန်အဖွဲ့ဝင်မိသားစုများအတွင်း
ကျစ်လစ်ခိုင်မာစွာ စုစည်းဆောင်ရွက်ပြီး မူဝါဒလမ်းစဉ်များ အောင်မြင်အောင်
ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက်
မကွေးတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ သင်တန်းသား(၄၉)ဦးအတွက်
စာရေးကိရိယာများထောက်ပံ့ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရပြီး
အဆိုပါသင်တန်းကို သြဂုတ်လ(၂၂)ရက်နေ့မှ စက်တင်ဘာလ(၁၆)ရက်နေ့ထိ သတ်မှတ်ကာ
စစ်မှုထမ်းဟောင်းရေးရာ ဘာသာရပ်များ ၊ ၀န်ကြီးဌာနအသီးသီး၏ ဆောင်ရွက်မှုများ ၊
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသတွင်းဆောင်ရွက်မှုများ ၊ အစိုးရမဟုတ်သော
မိတ်ဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများနှင့် တိုက်ပွဲဝင်စည်းရုံးရေး
ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကျောင်း (၃)ကျောင်းတွင်
အဆင့်မြင့်စည်းရုံးရေးသင်တန်း အမှတ်စဉ်(၁/၂၀၀၂)မှ(၃၈/၂၀၁၆)ထိ သင်တန်း(၁၁၄)ကြိမ်
ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအရာရှိ (၆၂၁)ဦး ၊ အခြားအဆင့် (၄၇၃၅)ဦးကို
လေ့ကျင့်ပို့ချနိုင်ခဲ့ကြောင်း
စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်းမှတ်တမ်းများ အရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment