Monday, August 29, 2016

လူကုန်ကူးခံရသူမြန်မာရေလုပ်သားဦးမောင်မောင်သန်းအားထောက်ပံ့ပစ္စည်းများပေးအပ်




ငဖဲ သြဂုတ် ၂၅

အင်ဒိုနီးရှားနိုင်ငံ၊ဘင်ဂျီးနာကျွန်းတွင်လူကုန်ကူးခံရသောမြန်မာရေလုပ်သားများအားနိုင်ငံတော်အစိုးရ၏စီမံမှူဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၅ခုနှစ်မေလ၁၄ ရက်နေ့တွင်ပြန်လည် ပို့ဆောင်ခဲ့ရာ၌ပါဝင်ခဲ့သော ငဖဲမြို့ မြို့မရပ်ကွက်၊ဗိုလ်ချူပ်လမ်းနေ(ဘ)ဦးလှသန်း၏သား ဦးမောင်မောင်သန်း(သ)(၄၈) နိုင်ငံသားစီစစ်ရေးကဒ်အမှတ်၊၈/ငဖန(နိုင်)၀၁၁၆၂၇ အား ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှစီမံကိန်းလက်ထောက်ဒေါ်မြတ်ပန်းအိစံ၊မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှဒေါ်နုနုရီ(လူမှု-၃)၊ ဦးနေဝင်း လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့ဝင်(မကွေး) တို့သည် သြဂုတ်လ၂၅ ရက်နေ့နံနက်ပိုင်းတွင်ငဖဲမြို့နယ်ထွေ/အုပ်ရုံးသို့ရောက်ရှိပြီး မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဇော်လွင်နှင့်လူကုန်ကူးခံရသူဦးမောင်မောင်သန်း တို့အား တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ပြီး ဦးမောင်မောင်သန်းနေအိမ်သို့ သွားရောက်၍စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဆန်အိတ်(၁၈)အိတ်၊ ၁အိတ်လျှင်(၂၉၅၅၆)ကျပ်နှူန်းဖြင့်ကျသင့်ငွေ( ၅၃၂၀၀၀)ကျပ်၊ Huawei လက်ကိုင်ဖုန်းတစ်လုံး (၅၃၀၀၀)ကျပ် စုစုပေါင်းတန်ဖိုး(၅၈၅၀၀၀)ကျပ်ရှိ ပစ္စည်းများထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment