အခြေခံပညာကျောင်းများတွင်ကျောင်းနေအရွယ်ကလေးများကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများကိုစလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏
စီစဉ်မှုဖြင့် သရက်ချဉ်ကျေးရွာအုပ်စုသရက်ချဉ်ကျေးရွာအထက(ခွဲ)၌ယနေ့ နံနက်ပိုင်းတွင်
ကျင်းပ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဦးအောင်မြင့်ဦးကစာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊မိုးရာသီတွင်ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါနှင့်ရောဂါလက္ခဏာများ၊ကျောင်းသားလူငယ်များသိရှိထားသင့်သည့်ကျန်းမာရေးဆိုင်ရာများကိုပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးများစိတ်ဝင်စားသောရုပ်ပြပုံပြင်၊တေဇ၊ကလေးသုတစာအုပ်များဖြင့်ကလေးစာဖတ်ဝိုင်းများဆောင်ရွက်ပေးပြီးမြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးမှပြသထားသောဗိုလ်ချူပ်အောင်ဆန်း၏မိသားစုမှတ်တမ်းဓါတ်ပုံများ၊မိုးရာသီနှင့်သွေးလွန်တုပ်ကွေး၊မြန်မာအမျိုးသမီးများနေ့အကြောင်းသိကောင်းစရာများနှင့်နိုင်ငံတော်အစိုးရ၏တိုင်းကျိုးပြည်ပြုလှူပ်ရှားဆောင်ရွက်မှု
မှတ်တမ်းဓါတ်ပုံများကို ပြသထားရာကျောင်းသား/သူများကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့
ကြကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment