Monday, August 15, 2016

စေတုတ္တရာ-စလင်းကားလမ်းမှ ပဇောချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး၍ ပုံမှန်သွားလာလျက်ရှိ


စေတုတ္တရာ      သြဂုတ်        ၁၃
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်အတွင်းရှိ စလင်း-စေတုတ္တရာ ဆက်သွယ်သည့် ကားလမ်းမှ မိုင်တိုင်အမှတ် (၃၂/၂)အနီး၊(ညောင်အိုင်ကျေးရွာနှင့် မကြီးစုကျေးရွာအကြားရှိ) ပဇောချောင်းတံတားသည့် ဇူလိုင်လ(၃၀)ရက်နေ့ တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် တံတားနှင့် ချဉ်ကမ်းလမ်း ပြိုကျပျက်စီးခဲရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသည်။
အဆိုပါတံတားအား တံတားအထူးအဖွဲ(၃) ပခုက္ကူမှ သြဂုတ်လ(၅)ရက်နေ့မှစ၍ အရှည်(၁၂၀)ပေ၊အကျယ် (၁၂)ပေရှိ ဘေလီသံဘောင်တံတားအား အမြန်ပြန်လည်တည်ဆောက်ခဲ့ရာ သြဂုတ်လ(၁၂)ရက်နေ့နံနက်ပိုင်းတွင် တည်ဆောက်ပြီးစီး၍ စေတုတ္တရာ-စလင်း-မင်းဘူး-မကွေး ယာဉ်လိုင်းပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များ နှင့် ဆိုင်ကယ်များ ပုံမှန် ပြန်လည် ပြေးဆွဲသွားလာနေလျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment