Monday, August 15, 2016

မော်တော်ဆိုင်ကယ် အား အရှိန်ပြင်းစွာ မောင်းနှင်သဖြင့် တိမ်းမှောက် မှု ဖြစ်ပွါး


မြို့သစ် သြဂုတ်လ( ၁၂ )
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု /ပင်းစုကျေးရွာ အနီး
မြို့သစ်၊နေပြည်တော် ကားလမ်းတွင်{ ၂၀၁၆/ခုနှစ်သြဂုတ်လ(၁၁)ရက်နေ့}(၄း၃၀)နာရီအ
ချိန်ကမော်တော်ဆိုင်ကယ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်းသတင်းရရှိသည် ။
ဖြစ်စဉ်မှာ ဦးခင်မောင်အေး(သ)၄၃/နှစ်(ဘ)ဦးကံဟိန်း { ရွေအိုး(၂)ရပ်ကွက်/တောင်တွင်းကြီးမြို့ } နေသူ (သစ်တောဝန်ထမ်း) သည် သြဂုတ်(၁၁)
ရက်နေ့ (၄း၃၀)အချိန်ခန့်က၄င်းပိုင် ၃၄_ယ/------LIFAN(110)အမျိုးအစား အနက်ရောင်
( ယာဉ်လိုင်စင်ရှိ/ယာဉ်မောင်းလိုင်စင်ရှိ/ အရက်သေစာသောက်စားထားခြင်းရှိ ) ဆိုင်ကယ်ဖြင့် မြို့သစ် ၊နေပြည်တော် ကားလမ်းအတိုင်းတစ်ဦးတည်း အရှိန်
ပြင်းစွာမောင်းနှင်လာစဉ်မြို့သစ်မြို့နယ်မြေပြင်သာကျေးရွာအုပ်စု/ ပင်းစု ကျေးရွာ အနီးမိုင်တိုင်အမှတ်--(၄၁/၀)အနီးအရောက် ဆိုင်ကယ် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ထိုးကျတိမ်းမှောက်
ခဲ့သဖြင့်ဦးခင်မောင်အေး တွင် ( မစိုးရိမ်ရ )ဒဏ်ရာများရရှိခဲ့ခြင့်းဖြစ်ပြီး ဒဏ်ရာရရှိသူ ဦးခင်မောင်အေး အားရဲဆေးစာဖြင့် မြို့သစ်ဆေးရုံသို့ပို့အပ်ထားရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍ မော်တော်ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင် တိမ်းမှောက်ခဲ့သူဦးခင်မောင်အေး အပေါ် ဥပဒေ အရအရေးယူပေးပါရန်
ရဲအရာခံညွန့်ဝင်းမှတရားလိုပြုလုပ်တိုင်တန်းသ
ဖြင့်မြို့သစ်မြို့မရဲစခန်းမှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။ ။
သန်းဝင်းထွန်း(မြို့သစ်)ပြန်/ဆက်

0 comments:

Post a Comment