Monday, August 29, 2016

ထီးတော် မြေခ သွားသော ဘုရား အား ပြန်လည်ပြုပြင်နိုင် ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ြ ပည်သူ ပူးပေါင်း သန့်ရှင်းရေးဆောင်ရွက်


မြို့သစ် သြဂုတ် (၂၇)
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်း(၂၄/၈/၂၀၁၆)ရက်နေ့ ညနေ (၅း၅)နာရီအချိန်ခန့်က အင်အား အသင့်အတင့်ရှိ မြေငလျှင်
လှုပ်ခတ်မှုကြောင့် ကံဆွယ်အုပ်စု / ကံကြီး(တောင်)ကျေးရွာအနီး ရှိ ရှေးဟောင်းသမိုင်းဝင် စေတီ(၅)ဆူ
အနက် စေတီ(၁)ဆူမှာ မြေခခဲ့ပြီး နောက် (၁)ဆူမှာ(၆)ပေခန့်အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့သဖြင့်စေတီပုထိုးများ အား အမြန် ပြန်လည်ပြုပြင်နိုင်ရန်အတွက်သြဂုတ်လ(၂၆)
ရက်နေ့ကမြို့သစ်မြို့နယ်ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှူး ရဲမှူး ကျားမောင် နှင့်
တပ်ဖွဲ့ဝင်(၉)ဦး တို့သည် ကံဆွယ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးညွန့်သိန်း နှင့် ကျေးရွာပြည်သူ( ၆၀ )ဦးတို့နှင့် အတူ အပျက်အစီးများ အား ဝိုင်းဝန်းကူညီ ဖယ်ရှား၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြ
ကြောင်း သိရသည် ။
______________________
သန်းဝင်းထွန်(မြို့သစ်)
---------------ပြန်/ဆက်-----------

0 comments:

Post a Comment