Monday, August 15, 2016

အန္တရာယ်ရှိသော ရှုခင်းသာအနီး မျက်ကွယ်ကွေ့အား ရှင်းလင်းဆောင်ရွက်


မင်းဘူး       သြဂုတ်       ၁၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်ရှိ မကွေး-မင်းဘူး(၅/၂)မိုင်လမ်းမှ(၁/၃)မိုင်နှင့်(၁/၄)မိုင်ကြားရှိ ရှုခင်းသာအနီး မျက်ကွယ်ကွေ့အား ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် လမ်းတိုးချဲ့ပြုပြင် ဆောင်ရွက်လျက်ရှိ သည်။
၎င်းလမ်းပေါ်ရှိ ထောက်ရှာပင်ကျေးရွာနှင့် ရှုခင်းသာအကြားရှိ မျက်ကွယ်ကွေ့တွင် တောင်ကမ်းပါးယံများ ကာဆီးထားသဖြင့် တစ်ဘက်ယာဉ်ကြောကို မမြင်ရဘဲ မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပေါ်လျက်ရှိရာ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကောင်းမွန် ဆောက်လုပ်ရေးကုပ္မဏီမှ BOT စနစ်ဖြင့် လမ်းတိုးချဲ့ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယခင်ကတ္တရာ လမ်းအကျယ်(၁၈)ပေမှ (၂၄)ပေတိုးချဲ့ဆောင်ရွက်ရန် မျက်ကွယ်ဖြစ်နေသော ပေ(၃၀)ကျော်အမြင့်ရှိ တောင်ကမ်းပါးယံအား စက်ယန္တရားများဖြင့် ဖြိုးချ၍ လမ်းတာဘောင်းတိုးချဲ့ခြင်းဆောင်ရွက်လျက်ရှိသည်။
မင်းဘူးခရိုင်အတွင်းရှိ မကွေး-မင်းဘူး-ပွင့်ဖြူ-စလင်း-တညောင် လမ်းအား ကတ္တရာလမ်းအကျယ်(၁၈)ပေမှ (၂၄)ပေအကျယ်တိုးချဲ့ဆောင်ရွက်ရန် ၂၀၁၇-ခုနှစ်တွင် မြေသားတာဘောင်ဆောင်ရွက်ခြင်းကို အပြီးဆောင်ရွက် မည်ဖြစ်ပြီး ၂၀၁၈-ခုနှစ်တွင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် လျားထားလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment