ပွင့်ဖြူ သြဂုတ် ၂၈
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊ကံဆွယ်ကျေးရွာတွင်
ဧရာဝတီမြစ်ရေကြီးမှုကြောင့် လယ်မြေများ နစ်မြုပ်ခဲ့သော
ရေဘေးသင့်တောင်သူများအား မိုးစပါးအချိန်မီစိုက် ပျိုးနိုင်ရန် မျိုးစပါးထောက်ပံ့ပွဲအား
သြဂုတ်လ(၂၈)ရက်နေ့၊နေလည်(၂)နာရီက အဆိုပါကျေးရွာဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး
ဦးကျော်ဝင်းမှ မျိုးစပါးများထောက်ပံ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက်
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရေဘေးသင့်တောင်သူများထံ မျိုးစပါး
များ ပေးအပ်ထောက်ပံ့ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေှးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ
အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့်
ကျေးရွာအုပ်စု(၁၆)အုပ်စုတွင် မိုးစပါးပျိုးခင်း (၈၃၆)ဧက၊စိုက်ခင်းပေါင်း(၃၂၆)ဧက ပျက်စီးဆုံးရှုံးခဲ့သည်။ကံဆွယ်ကျေးရွာအုပ်စုတွင်
ပျိုးထောင်မျိုးစပါး(၇၇၆) တင်း၊ မိုးစပါးစိုက်ခင်းပျက်စီးဧကပေါင်း(၆၀)ဧက ရှိရာ ပျက်စီးဆုံးရှုံးတစ်ဧကလျင်
မျိုးစပါးတစ်တင်းနှုန်းဖြင့် ဒေသခံ တောင်သူ (၁၁၈)ဦးတို့အား စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်၏
အစီအစဉ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရတနာတိုးနှင့်
ရက်(၉၀)မျိုးသန့် မျိုးစပါး (၈၃၆)တင်းအား ပထမ အကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment