Tuesday, August 2, 2016

မိမိကိုယ်မိမိ ကြိုးဆွဲချသေဆုံး


ငဖဲ     သြဂုတ်    ၁
ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် တပ်ကုန်းရပ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ ငဖဲမြို့နယ်ရဲစခန်းမှ ရဲအုပ်သိန်းလွင်နှင့်တပ်ဖွဲဝင်များသည် ကျောင်းတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းသောင်း၊ဆယ်အိမ်မှူး ဦးမောင်ကြိုင်တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူသည် မောင်ဌေး(သ)၄၉၊ (ဘ)ဦးစန်းမောင်၊ တပ်ကုန်းရပ်၊ ကျောင်းတွင်းရပ်ကွက် ငဖဲမြို့နေသူဖြစ်ပြီး ၄င်း၏နေအိမ် လှေခါးအနီး အမြင့် ၁၀ ပေခန့်ရှိ ခါးပန်းတွင် ငါးပင်လိမ်မြစိမ်းရောင် နိုင်လွန်ကြိုး တစ်ချောင်းနှင့်ကြိုးဆွဲချ သေဆုံးနေကြောင်း တွေ့ရှိရ၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးဆောင်ရွက်ခဲ့သည်။
သေဆုံးသူသည် နေအိမ်၌ မိသားစုများ မရှိခိုက်တွင် အိမ်ထောင်ရေး အဆင်မပြေခြင်း၊ လေဖြန်းဝေဒနာ ခံစားနေရခြင်းတို့ကြောင့် စိတ်ဓါတ်ကျဆင်းနေသူဖြစ်ပြီး ငဖဲမြို့နယ် ပြည်သူ့ ဆေးရုံ ဆေးစစ်ချက်မှတ်တမ်းအရ မိမိကိုယ်မိမိ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း အကြောင်း ပြန်ကြားချက်အရ အမှုအား ငဖဲမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၆)ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment