ပွင့်ဖြူမြို့မဈေးရှိ
ပျံကျဈေးရုံ ပြိုကျမှုဖြစ်ပွား
ပွင့်ဖြူ သြဂုတ် ၂၅
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊စည်ပင်သာယာရေးအဖွဲ့ပိုင်
မြို့မဈေးအတွင်းရှိ ပျံကျဈေးရုံကြီးသည် သြဂုတ်လ (၂၅)ရက်နေ့၊ညနေ(၄)နာရီ(၂၉)မီနစ်တွင်
ပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါဈေးရုံကြီးသည် ၁၈၈၆-ခုနှစ်ခန့်က ဈေးသူ/ဈေးသားများမှ
စုပေါင်းဆောက်လုပ်ခဲ့သော အလျား(၁၁၀)ပေ၊အနံ(၄၀)ပေ၊အမြင့်(၁၅)ပေရှိ သွပ်မိုးအဆောက်အဦဖြစ်ရာ
သြဂုတ်လ(၂၄)ရက်နေ့ မြေငလျင်လှုပ်မှုဒဏ်ကြောင့် သံဖိနပ်တိုင်များ ပြတ်တောက်ယိုင်းနဲ့ခဲ့၍
သြဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ဈေးကော်မတီ ၊မြို့မိ/မြို့ဖများ၊ဈေးသူ/
ဈေးသားများနှင့်တွေ့ဆုံညှိနှိုင်းကာ ဈေးရုံးကြီးအားဖျက်၍ အသစ်အမြန်ပြန်လည်တည်ဆောက်ရန်
ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
ပျံကျဈေးရုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ/သေဆုံးမှုမဖြစ်ပွားခဲ့သော်လည်း၊
သိုလှောင်ကုန်ပစ္စည်း များ ဆုံးရှုံးခဲ့ရကြောင်းနှင့် အဆိုပါ ပြိုကျအဆောက်အဦအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်
များ၊စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးသူ/ဈေးသာများမှ ရှင်းလင်းရေးလုပ်ငန်းများ
ချက်ချင်းဆောင် ရွက်နေလျက်ရှိကြောင်းသိရှိရသည်။
ပွင့်ဖြူမြို့မဈေးအတွင်းရှိ
ပျံကျဈေးရုံ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်လျက်ရှိ
ပွင့်ဖြူ သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊မြို့မဈေးအတွင်းရှိ
ပျံကျဈေးရုံအဆောက်အဦးသည် သြဂုတ်လ (၂၄)ရက်နေ့၊ညနေ(၅)နာရီ(၅)မီနစ်အချိန်ခန့်က ငလျင်လှုပ်မှုကြောင့်
ယိုင်းနဲ့ပျက်စီးခဲ့ရာ အန္တရာယ်ရှိသော အဆောက်အဦ အဖြစ် သတ်မှတ်၍ ပြန်လည်အသစ်တည်ဆောက်နိုင်ရန်
သြဂုတ်လ(၂၅)ရက်နေ့ နံနက်(၉) နာရီက မြို့မဈေး ဈေးခေါင်းရုံးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်
အင်ဂျင်နီယာများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များ၊ဈေးသူ/ဈေးသားများဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
အဆိုပါ ပျံကျဈေးရုံသည် ၁၉၈၆-ခုနှစ်တွင်
ဈေးသူ/ဈေးသားများမှ စုပေါင်းဆောက်လုပ်ခဲ့ပြီး နှစ်(၃၀) ခန့်ကြာမြင့်လာပြီး၊ တိုင်အောက်ခြေ
သံဖိနပ်များ ဆွေးမြေ့လာကာ အမိုး သစ်သားဒိုင်းများလည်း ယိုးယွင်းပျက်စီးလျက်ရှိရာမှ
ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် အဆောက်အဦမှာ ယိုင်းနဲ့ပျက်စီးသည့်အခြေအနေ အား အမှုဆောင်အရာရှိ
ဦးမျိုးဝင်းနှင့် ဈေးကော်မတီအဖွဲ့ဝင်များမှ စစ်ဆေးကြည့်ရှု၍ ဈေးသူ/ဈေးသား များ သဘောဆန္ဒများအရ
ဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။
အဆိုပါအဆောက်အဦအား ဖျက်သိမ်း၍ ပြန်လည်အသစ်တည်ဆောက်နေစဉ်
ဈေးသူ/ဈေးသားများ အရောင်းအ၀ယ်မပျက်စေရန် မြို့မဈေးနှင့် ဗိုလ်ချုပ်ပန်းခြံကြားလမ်းတွင်
ယာယီဆိုင်များဖြင့် တည်ခင်း ရောင်းချမည်ဖြစ်ပြီး၊ပျံကျဈေးရုံသစ်အား အမြန်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment