စလင်း သြဂုတ်
၂၈
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စလင်းမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း(၁၈)အုပ်စုတွင်
တောင်သူပေါင်း (၄၂၃)ဦး၏ မိုးစပါးပျိုးခင်း (၁၁၉)ဧက ရေ၀င်နစ်မြုပ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့်မိုးစပါးပျိုးခင်းပျက်စီးသော
တောင်သူ(၄၂၃)ဦးအား မျိုးစပါး (၆၃၄.၅)တင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ထွေ/အုပ်ရုံး
အစည်အဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မိုးစပါးပျိုးခင်းပျက်စီမှုများ
အချိန်မီ အမြန်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးပညာပေး ၀န်ထမ်းများက ကွင်းဆင်း ပညာပေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment