မကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ် ကုန်းဇောင်း နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဇေယျာဝင်းဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များနှင့်စလင်းမြို့နယ်ရဲတပ်ဖွဲ့မှ
တညောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် တို့သည်သြဂုတ်လ
၁၅ ရက်နေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့မှ
ရေဘေးရှောင်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ဆန်အိတ်၊ ကုလားပဲ အိတ်၊ ဆီနှင့်
ဆားစသည့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေရာတွင် ကူညီသယ်ဆောင်ပေးခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment